close
Connect with us

Hi, what are you looking for?

သတင်း

မော်လိုက်က ရန်ကင်းတောင်စခန်းကုန်း ထိုးစစ်ဆင်နေတဲ့ စစ်တပ် ပြန်ဆုတ်ခွာ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က ရန်ကင်းတောင်စခန်းကုန်း ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ ပြန်ဆုတ်ခွာသွားရတယ်လို့ Mawlaik Revolutions တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဇန်နဝါရီ ၁၅ရက်က ရန်ကင်းတောင်စခန်းကုန်း သိမ်းအပြီး ရရှိသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - Mawlaik Revolutions

ဇန်နဝါရီ-၂၃ ၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က ရန်ကင်းတောင်စခန်းကုန်း ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ ပြန်ဆုတ်ခွာသွားရတယ်လို့ Mawlaik Revolutions တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆွတ်နန်းကျေးရွာအနီးက ရန်ကင်းတောင်စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ၂၀၂၅ ဒီဇင်ဘာ ၁၄ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က နှစ်ကြိမ် ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

“ နှစ်ကြိမ်လာပြန် ထိုးတယ်။မရလို့။အခုချိန်ထိတော့ ကျွန်တော်တို့ စိုးမိုးထားဆဲပဲ” လို့ အထက်ပါတာဝန်ရှိသူက ရန်ကင်းတောင်စခန်းကုန်းအခြေအနေကို ရှင်း ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စစ်တပ်အထိုင်ချထားတဲ့ ဆွတ်နန်းကျေးရွာကနေ ရန်ကင်းတောင်နဲ့ ​ ရွှေသမင်းတောင်ကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

ရန်ကင်းတောင်ကို သိမ်းခဲ့စဥ်က ၁၂၂မမ ရှော့တိုက်ဒုံး(၇)လုံး၊MA1 ၁လက်၊MA3 ၁လက်၊MA15 ၁လက်၊G3၁လက်၊ကျည်ဘောက်၁၃ ခု၊ကျည်မျိုးစုံ ၁၂၀၀ နီးပါး သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ရုပ်အလောင်း ခြောက်လောင်း တွေ့တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ရက်က ထုတ်ပြန်ထားပါတယ်။

မော်လိုက်မြို့မှာ စစ်ကောင်စီအခြေချတပ်တွေဖြစ်တဲ့ ခမရ(၃၆၄၊၃၆၅၊၃၆၆)တပ်ရင်းတွေရှိပြီး ပျူစောထီးအင်အား အတန်အသင့်အားကောင်းတယ်လို့လည်း စစ်ရေးအချက်အလက်တွေအရ သိရပါတယ်။

ကာကွယ်ရေးတပ်တွေက သိမ်းငှက်စစ်ဆင်ရေးနဲ့ မော်လိုက်ခရိုင်မှာ ၂၀၂၅သြဂုတ်စတင်ခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီးစခန်း ရှစ်ခုနဲ့ ကျေးရွာ ၁၇ရွာကို ထိန်းချုပ်ထားပါတယ်။

တောင်သူလယ်သမားတွေ စပါးရိတ်သိမ်းချိန်နဲ့ ပြည်သူလူထု စစ်ဘေးရှောင်ရတဲ့ အခက်ခဲတွေကြောင့် သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကို အရက်အကန့်သတ်မရှိ ရပ်တန့်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ ရပ်ကွက် ၂ခုကို စစ်တပ်ပြန်ရပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်‌က‌နေပစ်တဲ့လက်နက်ကြီးကြောင့် စစ်ဘေးရှောင်နှစ်ဦးသေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် ယာဥ်တွေ ပိတ်မိနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ဒေသခံပြည်သူတွေရေချိုးနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။