close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်ယန်စီကုမ္ပဏီဝင်းက စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ထွက်ပြေးနေရ

မဲရုံလုပ်မယ့် တရုတ်ပိုင် ယန်စီကုမ္ပဏီဝင်းထဲက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေလို့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ထွက်ပြေးနေရပြီး လက်နက်ကြီးထိလို့ စစ်ရှောင် ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ယခင်ရက်ပိုင်းက ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာအချို့က ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့

ဇန်နဝါရီ ၂၃၊ ၂၀၂၆။ဇေအောင်/People’s Spring

မဲရုံလုပ်မယ့် တရုတ်ပိုင် ယန်စီကုမ္ပဏီဝင်းထဲက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေလို့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ထွက်ပြေးနေရပြီး လက်နက်ကြီးထိလို့ စစ်ရှောင် ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

မဲရုံလုပ်မယ့် ယန်စီကုမ္ပဏီဝင်းကို ဇန်နဝါရီ ၂၀ နဲ့ ၂၁ရက်က မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ အင်အားတွေ ထပ်တိုးရောက်ရှိလာကြောင်း၊ ဒီကနေ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ယန်စီကုမ္ပဏီဝင်းထဲကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ မန်ကျည်းတစ်ထောင်ရွာအနီး လက်နက်ကြီးကျပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ ထိမှန်တာကလည်း စစ်ရှောင်ပြည်သူ။ တစ်ယောက်က လက်ထိုးချင်းပေါက်၊ တစ်ယောက်က ခြေထောက်” လို့ လက်ပတောင်းဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ဖောင်းကားမြောက်ရွာ၊ တောင်ရွာ၊ အလယ်ရွာ၊ ဝါးတန်းရွာ၊ ရာဇကျော်ရွာ၊ တည်ပင်ကန်ရွာ၊ မိုးကြိုးပြင်မြောက်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အလယ်ရွာတို့က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ ဘေးပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ထုတယ်။ စစ်ရှောင်တွေရှိမယ့်နေရာတွေဆီ ရမ်းထုတာ။ စစ်ကြောင်းထိုးတာတွေ လုပ်နေတယ်။ ပြည်သူအများအပြားလည်း ရှောင်တိမ်းနေရတယ်။” လို့ အခြား ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ မဲရုံကာကွယ်ရေးအတွက် ဝမ်ပေါင်ကုမ္မဏီက စစ်သားတွေကို ဖောင်းကားတောင်ရွာနဲ့ တယ်ပင်ကန်ရွာမှာ တပ်ချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက်မှာ စစ်တပ်က ရွေးကောက်ပွဲ အပိုင်း(၃)ကို ပြုလုပ်မှာဖြစ်ပြီး စစ်ကိုင်းတိုင်းမှာဆိုရင် ဆားလင်းကြီးမြို့နယ်နဲ့ ကနီမြို့နယ်တွေမှာ ပြုလုပ်ဖို့ စီစဥ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၃) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း ဆယ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင် တပ်ရင်း ၂ က ဇန်နဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇန်နဝါရီ၂၅ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ့် ကနီမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။