close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်း ၅နှစ်ပြည့် မုံရွာမြို့​မှာဆန္ဒပြ

စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်နေ့မှာမုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းမုံရွာမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ-၁၊၂၀၂၆။သတိုး/People’s Spring

စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်နေ့မှာမုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းမုံရွာမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

“ တော်လှန်ခရီးကြမ်း(၅)နှစ်တိုင်ခဲ့‌ချေပြီ။ (၅)နှစ်တာကာလအတွင်း စစ်ရေး၊နိုင်ငံရေးအနိမ့်အမြင့် အတက်အကျ အလှည့်အပြောင်းများစွာကိုရင်ဆိုင်ကြုံတွ့ခဲ့ရပေသည်။ယခုထက်ပိုမိုခိုင်မာအား‌ကောင်းသည့် စုစည်းညီညွတ်မှု၊စုဖွဲ့ပြင်ဆင်မှုတွေနဲ့အတူ တော်လှန်ပြည်သူလူထုအားနဲ့ တော်လှန်ဒီရေအရှိန်အဟုန်မြှင့်တင်ကာ အခက်ခဲ ကျောက်ဆောင်တွေကို ကျော်ဖြတ်ကြပါစို့။” လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တိုက်တွန်းထားပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ရဲဘော်တွေက “ တော်လှန်ဒီရေ မြင့်သစ်သို့ စုစည်းပါဝင်ဆက်ချ” ဆိုတဲ့စာတမ်းကိုင်ဆောင်ပြီးတော်လှန်ရေးကိုဆက်လက်ချီတတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ ဒီစစ်အာဏာရှင်စနစ်ကို ကျွန်မတို့ပြည်သူလူထု တစ်ရပ်လုံးက ရသမျှနည်းလမ်းအစုံနဲ့ တိုက်ပွဲဝင်သွားကြဖို့ လိုအပ်ပါတယ်။ ဒီငါးနှစ်ပြည့်တဲ့ အချိန်မှာ တော်လှန်တိုက်ပွဲဝင်နေတဲ့ အစုအဖွဲ့တွေ ရဲဘော်ရဲဘက်တွေအားလုံးက ငါးနှစ်တာကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အနိမ့်အမြင့်တွေ အတတ်အကျတွေ အပြောင်းအလဲတွေကို ပြန်လည်စိစစ်သုံးသပ်ပြီး တော့ အာဏာရှင်စနစ်ကို ဖြိုချဖို့အတွက် စုဖွဲ့မှုတွေ စုစည်းညီညွှတ်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။” လို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မချောစုစုစံက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းကာလ (၅)နှစ်ပြည့်ချိန်မှာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်အပါအဝင် ရဲဘော်ရဲဘက်တွေဟာ အကျဉ်းထောင်တွေထဲမှာ မတရားအပြစ်ဒဏ်ကျခံနေရဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သပိတ်မှာပါဝင်သူတွေက “ စစ်အာဏာရှင် ဆန့်ကျင်ရေး ဒို့အရေး” “ ဒီမိုကရေစီရရှိရေး ဒို့အရေး” “ တို့ပြည်သူတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့ ” “ မုံရွာသားတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့” စတဲ့ ကြွေးကြော်သံတွေဟစ်ကြွေးပြီး လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုအပေါ် သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက “ “မုံရွာကကွယ် ခိုင်မာတယ်”ဒီနေ့၊ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၅)နှစ်ပြည့်တဲ့အချိန် မုံရွာမြို့ အထင်ကရနေရာတခုမှာ ဖော်ဆောင်ခဲ့ကြတဲ့ လူထုတိုက်ပွဲလှုပ်ရှားမှု မြင်ကွင်း ဖြစ်ပါတယ်။ခရီးဆုံးတိုင် အတူ ဆက်လျှောက်ကြမည်။ဒီနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကြုံတွေ့ရတာနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရတာ ကျနော်တို့က နောက်ဆုံးမျိုးဆက်ပဲ ဖြစ်ရမယ်။” လို့ မှတ်ချက်ရေးသားထားပါတယ်။

ရုပ်သံ – Tayzar San/FB

ဆက်စပ်သတင်းများ

သတင်း

နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဒီကနေ့ (ဇန်နဝါရီ ၃၀)မှာ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့ကပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲမ‌ပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုတဲ့ "ငါတို့ မဲမပေးခဲ့" လှုပ်ရှားမှု နဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲဖို့ ဘူးသပိတ် လှုပ်ရှားမှု‌တွေ ဒီနေ့ (ဇန်နဝါရီ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံရောက် မြန်မာ့အရေးတက်ကြွသူတွေက ကန်ဘာရာမြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ စစ်တပ်ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြကြောင်း ဒီနေ့(ဇန်နဝါရီ ၂၅ရက်)ပြုလုပ်ခဲ့ပါတယ်။