ရှိန်း/People’s Spring
ဒီတခေါက်သစ်ငုတ်ရတာတော့ ဦးကြည်တို့သားအဖ တွေအတွက်ကံ ကောင်းတယ်လို့ ပြောရမယ်။သစ်လုံးတလုံးရခဲ့တာမို့ အနည်းဆုံး ငွေကျပ်ငါးသိန်းလောက်တော့ရနိုင်ပါတယ်။

ဒီဇင်ဘာဆောင်းရာသီ အအေးပိုလှတဲ့အချိန်မှာဧရာဝတီမြစ်ထဲရေငုတ်ရှာဖွေရတာမို့ပိုတန်ဖိုးရှိတာပေါ့။ဦးကြည်နဲ့ အသက် ၂၀ ကျော်အရွယ်သားဖြစ်သူ၊သားမက်ဖြစ်သူတို့ သုံး ယောက် အတူတူ သစ်ငုတ်တဲ့အလုပ်ကိုလုပ်ကြတာပါ။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်း၊နတ်မှော်ဦးရွာမှာဦးကြည်တို့မိသားစုဝင် ခြောက်ဦးနေထိုင်ကြပါတယ်။ဦးကြည်နဲ့ ဇနီး ဒေါ်မေ၊သားဖြစ်သူလူပျိုတယောက်လည်းရှိပါတယ်။အိမ်ထောင်သည် သမီးဖြစ်သူကတော့ ကလေးနှစ်ယောက်၊သူ့အမျိုးသားတို့နဲ့ ဦးကြည်တို့ အိမ်ရဲ့ တောင်ဘက်မှာပဲ အိမ် လေး ဆောက် ပြီးနေပါတယ်။

Public Service Announcement
စီးပွားရေး မပြေလည်တဲ့ မိသားစုဖြစ်တဲ့အပြင် စစ်ဘေးကိုလည်း အလူးအလဲခံရတဲ့ ဒေသမို့ ဦးကြည်တို့အတွက် ဒီကာလတွေဟာ စားဝတ်နေရေးအတွက်မိသားစုအလိုက်ကြိုးစားရှာဖွေနေရပါတယ်။ တခါတလေ သားအဖ သုံးယောက်စက်လှေပို့လမ်းပွင့်တဲ့ရက်ဆိုသင်္ဘောဆိပ်မှာကုန်အတင်အချလုပ်ကြပါတယ်။ဒါပေမယ့်အခုတော့မိုးကုတ်- မန္တလေးကားလမ်းမှာစစ်ကိုင်းကနေကွင်းတဲ့လမ်းပိတ်သွားပြီမို့ ကုန်အတင်အချက မလုပ်ရတော့ပါဘူး။
ဒါကြောင့်ရိုးရာသစ်ငုတ်လုပ်ငန်းကိုပြန်လုပ်ကြတာပါ။သစ်ငုတ်တယ်ဆိုတာ ဧရာဝတီမြစ်အတွင်း သစ်ဖောင်ချချိန်မှာတခါတလေသစ်လုံးတွေ ဟာ အောက်က မြေကြီးနဲ့ညိပြီး မြစ်ထဲပြုတ်ကျ ကျန်ခဲ့တာမျိုးရှိပါတယ်။
အဲဒီလို ပြုတ်ကျပြီး မြစ်ထဲမှာ မြုပ်နေတဲ့သစ်တွေကို ဝါးလုံးအရှည်နဲ့ထိုးပြီး အောင်မှာ မာနေတာ၊ဒါမှမဟုတ် အသံတဒုတ်ဒုတ်ကြားတာမျိုးဆို ရေထဲဆင်းငုတ်ရှာရတာပါ။ ဦးကြည်တို့ဒေသမှာ ဒီလုပ်ငန်းလုပ်ကိုင်သူတချို့ရှိပါတယ်။ဆင်းရဲနွမ်းပါးသူတွေမို့ ဘယ်သူမှအောက်ဆီဂျင်ဗူးနဲ့ရူပြီးငေုပ်တာမျိုးမလုပ်နိုင်ကြပါဘူး။
ဒီတခေါက်တော့ ဦးကြည်တို့သားအဖတွေသစ်ရလာတာမို့ ပျော်ရွှင်နေကြပြီး ဘုန်းကြီးဆွမ်းကပ်လေးလုပ်ကြဖို့ပါတိုင်ပင်ထားကြပါတယ်။
ဒီဇင်ဘာလ ၁ရက်ညမှာ ဦးကြည်ကအိပ်နေကြနေရာဖြစ်တဲ့အိမ်အောက်က တန်းလျားမှာပဲ အိပ်ပါတယ်။အိမ်အပေါ်ကအခန်းထဲမှာဇနီးဒေါ်သန်းနဲ့မြေးအကြီးလေး အိပ်ပါတယ်။ ခေါင်းရင်းခန်းမှာ သားဖြစ်သူကိုလူပျိုအိပ်တာပါ။ အိမ်ရဲ့ တောင်ဘက်မှာတော့သမီးဖြစ်သူ ၊သူ့အမျိုသားနဲ့ ၁ နှစ်ကျော်အရွယ်ကလေး ငယ်လေးသားအဖသုံးဦး အတူအိပ်ကြတာပါ။
ည ၁၂နာရီမှာ စစ်တပ်ရဲ့ တံတားဦး လေတပ်ကဂျက်ဖိုက်တာ အသံကို တနယ်လုံးကြားလိုက်ရပါတယ်။ အခုနှစ်ဒီဇင်ဘာလရဲ့အညာဆောင်းကလည်း အအေးပိုလွန်းတာမို့ ဘယ်သူမှ ဗုံးခွဲကျင်းဆီထမပြေးနိုင်ကြတော့ပါဘူး။
“ ဒီလောက်အေးတော့သေချင်လည်းသေပေါ့။ဘယ်သူမှ ပုံးကျင်းထဲ ထ မပြေးနိူင်ဘူး” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
မီးလုံးလိုမျိုး အနီရောင်ကြီး ထတောက်တာမြင်လိုက်ပြီး အုန်းခနဲ ပေါက်ကွဲသံ အဆုံးမှာ ဦးကြည်တို့ မိသားစု သစ်လုံးရောင်းပြီးရတဲ့ငွေနဲ့ ဆွမ်းကပ်ဖို့အိပ်မက်ကလေး တွေပျက်စီးခဲ့ပါတယ်။အာဏာသိမ်ယစစ်တပ် ဗုံးကြဲသွားတာကဦးကြည်ရဲ့ သမီးဖြစ်သူနေအိမ်ဖြစ်နေပါတယ်။
အိမ်ပေါ်ကို တည့်တည့်ချလိုက်ပုံပါပဲ။အိမ်က တိုင် တွေတောင်မရှိအောင် တစဆီဖြစ်သွားပါတယ်။
သမီး၊သမက် ၊မြေးငယ်လေးတို့ရဲ့ လက်၊ခြေ နဲ့ အသားစတွ ကို တ နေရာစီကနေပါလိုက် ကောက်ယူရပါတယ်။နောက်ဆုံးသားအမိသားအဖတစ်တွေ သုံးယောက်ပေါင်းမှအသားစတပုံပဲရခဲ့ပါတယ်။
ဗုံးကြဲခံရမှုမှာကပ်လျက်က ဦးကြည်တို့အိမ်လည်းပြိုခဲ့ပါတယ်။ ဦးကြည်နဲ့ သားဖြစ်သူလည်း သေဆုံးပါတယ်။အခန်းထဲမှာ အိပ်တဲ့ ဇနီးဖြစ်သူဒေါ်သန်း နဲ့ မြေးအကြီးလေး နှစ်ယောက်သာ ဒဏ်ရာတွေနဲ့ သေကံမရောက်ခဲ့တာပါ။
“ (ဦးကြည်)သားအဖနှစ်ယောက်ကတော့ ရုပ်အဲ့ လောက်မပျက်ဘူး အလောင်းပြန်ရတယ်။ဗုံးအားကတော်တော်ပြင်းတာပါ။အိမ်အနောက်ဘက်က နှစ်ချို့ကုက္ကိုလ်ပင်တောင် ဖင်ထောင်လဲပြီး မီး လောင်တယ်။စဉ်းစားသာကြည့်တော့” လို့ ဒေသခံ တဦး ကပြောပါတယ်။
ဦးကြည်ရဲ့ ဇနီး ဒေါ်သန်းနဲ့ မြေးဖြစ်သူတို့နဲ့အတူကျန်ခဲ့ပါတယ်။ အဲဒီနေ့က တိုက်ပွဲမရှိ၊စစ်ရေး လှု
ပ်ရှားမှု ဘာမှမရှိဘဲ ဗုံးကြဲခံလိုက်ရတာလို့ သိရပါတယ်။ဒေါသန်းအတွက်တော့ ခင်ပွန်း၊သား၊သမီး၊သားမက် ၊မြေငယ်တစ်ဦးတို့ဆုံးရှုံးခဲ့ရတာပါ ။ခေတ်သစ် မပဋာ လို့ပြောရနိုင်ပါတယ်။
ဗုံးကြဲခံရတဲ့နေ့က ဝက်လက်မြို့နယ်က PDFတပ်ရင်းတွေ ၊ဒေသခံ တွေအားလုံးက ဗုံးကြဲခံရတဲဲ့နေရာမှာ ဘာစစ် ရေးလှုပ်ရှားမှုမှ မရှိခဲ့ဘူးလို့တညီတညွတ်ထဲပြောပါတယ်။ဒီဇင်ဘာလမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့်ဝက်လက်မြို့နယ်အ ရှေ့ခြမ်းမှာတင် ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒါပေမယ့် ဇန်နဝါရီလထိ စစ်ကြောင်းထိုးတာ ၊ဗုံးကြဲတာတွေလုပ်နေတုန်းပါ။စစ်တပ်က စစ်ကြောင်းတွေ ထပ်ထိုးလို့ အဲဒီ နေရာက နေမြေးဖြစ်သူလက်ကိုဆွဲပြီးဒေါ်သန်းတစ်ယောက် ပြေးနေရပြန်ပါပြီ။စဉ့်ကူးမြို့နယ်ကို စစ်တပ်ကပြန်သိမ်းဖို့ စစ်ကြောင်းတွေဆက်ထိုးခဲ့ပါတယ်။
မတ္တရာမြို့နယ်ကနေ တဆင့် ဧရာဝတီမြစ်ကျဉ်းခြားထားတဲ့ ဦးကြည်တို့ရဲ့ အရှေ့ဘက်က ကြက်တူရွေးရွာကိုလည်းစစ်တပ်ကစစ်ကြောင်းတွေပို့ခဲ့ပါတယ်။တဖက်မှာလည်း ရှိမ်းမကားရွာရဲစခန်းကနေ စစ်တပ်စစ်ကြောင်း ထွက်လာသလို ကျောက် မြောင်းတပ်ကနေလည်းစစ်ကြောင်းတွေထိုးနေတာပါ။ပိုဆိုးတာက စစ်ကြောင်းတခုက ဒေါ်သန်းတို့ရွာရဲ့ တောင်ဘက်ကပ်လျက်က ကမ်းဖြူရွာကို ဝင်နေတာမို့ ဒေါ်သန်းနဲ့မြေဖြစ်သူတို့ထပ်ပြေးရပြန်ပါတယ်။
မြစ်အရှေ့ဘက်ခြမ်းစဉ့်ကူးမြို့နယ်ဘက်က ကြက်တူ ရွေး၊ကျွန်းကြီးနဲ့ သဲအင်းဘက်ကို တပ်စွဲထားတဲ့ စစ်တပ်နဲ့ ကမ်းဖြူရွာကို တပ်စွဲထားတဲ့ စစ်တပ်က တရစပ် လက်နက်ကြီး တွေနေ့တိုင်းပစ် နေတာမို့ ဒေါ်သန်းတို့မြေအဖွားတွေအခုထိညဘက်ခေါင်းပြား အောင် မအိပ်ရသေးပါဘူး။
“ ဒီလေယာဉ်သံနဲ့မိသားစုလိုက်အဲ့လိုဖြစ်ထားတော့ဒေါ်သန်းက လေယာဉ်သံကြားရင်တခါတ လေဆိုသူ့ခမျာ အရူးကြီးလိုပဲ။ပါးစပ်ကပွစိပွစိတွေ ပြောနေတာ” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဒီကာလမှာ ဝက်လက်နယ်အရှေ့ခြမ်းမှာ ဒေါ်သန်းလိုတယောက်ထဲကွက်ကျန်ခဲ့သူတွေ၊မိသားစုလိုက် သေကြေခဲ့သူ တွေ အများကြီးပဲလို့သူမက ဆက်ပြောပါတယ်။
“ အကုန် မသေအောင်ပဲ နေကြရတာ။ဘယ်သူ့မှမကြည့်နိုင်ကြဘူး” လို့သူကဆိုလိုက်ပါတယ် ။

















































