close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် နိုင်ကျဥ်းတွေ လွှတ်ပေးရေး စစ်ကိုင်းနဲ့ တနင်္သာရီမှာ ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB ၊ DDMSC

ဖေဖော်ဝါရီ-၁၁၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီမှ ဒေသခံပြည်သူတွေကို နိုင်ငံရေးတရားဟောပြောပွဲနဲ့ တော်လှန်ရုပ်ရှင်တွေကို ပြသခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြည်အထိ ဆန့်ကျင်တော်လှန်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “ စုစည်းပါဝင် တော်လှန်ရေးအရှိန်တင်” စာသားကိုင်ဆောင်ကာ ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချက်ချင်းလွှတ် ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)ကဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သပိတ်ဦးဆောင်သူတွေက “ စစ်အာဏာရှင်စနစ်အောက်မှာ ငါတို့ဘယ်တော့မှ မငြိမ်သက်သွားဘူး” ဆိုတဲ့ စာသားနဲ့ မီးတုတ်တွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် “ စစ်အာဏာရှင်စနစ် ကျဆုံးရေး” ၊ “ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး” ၊ “ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်​​ရေး” စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပကဖနဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ စစ်တပ်ရဲ့ စခန်းလေးခုနဲ့ စစ်ကြောင်းတစ်ကြောင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ် ၁၀၀ နီးပါးသေဆုံးကာ သုံ့ပန်း ၁၀၀ကျော် ဖမ်းမိတယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်မှာ စစ်ကောင်စီ တပ် စစ်ကြောင်းလိုက်​ချေမှုန်းခံရပြီး စစ်သုံ့ပန်း နဲ့ လက်နက်တွေရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်ဝါဒဖြန့်မှုသတိထားရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။