သတင်း စစ်တပ် စစ်ကြောင်းတွေ နောင်ချိုနဲ့ ပိုနီးလာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက အုမ္မခါးရွာအထိရောက်လာပြီး နောင်ချိုမြို့နဲ့ နီးကပ်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 2, 2025
သတင်း ကန့်ဒေါင့်စခန်းကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်း တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ပြန်ဆုတ် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ပြန်သိမ်းဖို့ စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တော်လှန်ရေးအဖွဲ့တွေကတိုက်ခိုက်ရာမှာ စစ်တပ်ပြန်ဆုတ်သွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။ ludunwayooဇွန် 29, 2025
သတင်း စစ်ကောင်စီ စစ်ကြောင်းကြောင့် စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းကို အသုံးပြုခွင့်ပိတ်ပင် တင့်ကား နှင့် သံချပ်ကာယာဥ်များပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းကြောင့် စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းကို ကာကွယ်ရေးတပ်များက အသုံးပြုခွင့်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ ludunwayooဇွန် 29, 2025
သတင်း ပေါက်နယ်က စစ်တပ်စစ်ကြောင်းရှေ့ဆက်ရွေ့နိုင်ရန် လေကြောင်းမှ အပြင်းအထန်ဗုံးကြဲ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)သို့ အားဖြည့်မည့် စစ်ကြောင်းရွေ့နိုင်ရန် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲနေသည်။ ludunwayooဇွန် 19, 2025
သတင်း ပြင်ဦးလွင်ကထိုးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ နောင်ချိုက ကျေးရွာသုံးရွာမှာ တိုက်ပွဲဖြစ် စစ်တပ်က အဆိပ်ငွေ့ဗုံး (၃၇)လုံးကြဲကြောင်း TNLAထုတ်ပြန် ludunwayooဇွန် 16, 2025
သတင်း ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်းက သုံးရက်အတွင်း အရပ်သား ၁၀ဦးကို သတ်ဖြတ်ကာ အလောင်းတွေ စွန့်ပစ်သွား ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သည့်အနေအထားဖြင့် သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေပြီး သေနတ်ဖြင့်ပစ်သတ်ကာ ရေတွင်းထဲသို့ ပစ်ချထားသည့် ရုပ်အလောင်း ၄ခုကို ထပ်မံရှာတွေ့ထားကြောင်း ဒေသခံများက ပြောသည်။ ludunwayooဇွန် 15, 2025
သတင်း တောင်သာတွင်စစ်တပ်စစ်ကြောင်းကို PDFများတိုက်ခိုက်၊ စစ်သား ၃ ဦးသေ ၁ဦးဖမ်းမိ မန္တလေးတိုင်း၊တောင်သာမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားသုံးဦးသေပြီးတစ်ဦးအရှင်ဖမ်းမိကာ လူသားဒိုင်းပြုလုပ်ခံရသည့် ပြည်သူ ၇ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကလူထုနွေဦးသို့ ပြောသည်။ ludunwayooဇွန် 13, 2025
သတင်း ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာ၊ တိုက်ပွဲဆက်ဖြစ်နေ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ယမန်နေ့ (ဇွန်လ ၉ရက်) နံနက်ပိုင်းတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ ludunwayooဇွန် 11, 2025
သတင်း အမ်း-ပဒါန်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ အလောင်းတလောင်းနှင့် သေနတ်တစ်လက်ရ မကွေးတိုင်း၊မင်းဘူးမြို့နယ်၊အမ်း-ပဒါန်းလမ်းပိုင်းအသုံးပြု၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုနှင့် သေ နတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းအရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောသည်။ ludunwayooဇွန် 8, 2025
သတင်း မြင်းခြံမြို့အနီးရှိ PDF ဂိတ်ကိုစီးနင်းရန်ကြိုးစားသောစစ်ကြောင်းအထိနာ၍ ပြန်ဆုတ် မန္တလေးတိုင်း၊မြင်းခြံမြို့နှင့် ၆ မိုင်ခန့်အကွာရှိ PDF ဂိတ်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ပျူစောထီးများကို တော်လှန်ရေးတပ်များကခုခံတိုက်ခိုက်ရာ စစ်ကြောင်းအထိနာ၍ပြန်ဆုတ်သွားကြောင်း မြင်းခြံခရိုင်အမှတ် (၁၈၄၈)ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူကလူထုနွေဦးသို့ပြောသည်။ ludunwayooဇွန် 4, 2025