close
Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်မှာကား​တွေပိတ်မိ​နေချိန်စစ်တပ် လေကြောင်းတိုက်လို့ ​သေဆုံးဒဏ်ရာရသူများပြား

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ခရိုင်ချင်းဆက် အမှတ်(၃)လမ်း​ပေါ်ကအရပ်သား​တွေရဲ့ကား​တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ​ကြောင့်ပြည်သူ၆ဦး သေဆုံးပြီး သံဃာ တွေအပါအဝင်ပြည်သူ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

ကားတန်းကို စစ်တပ်က ​လေ​ကြောင်းတိုက်ခိုက်ပြီး​နောက် မီး​လောင်​နေစဥ်။ဓါတ်ပုံ-CJ

ဩဂုတ်၁၁၊၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ခရိုင်ချင်းဆက် အမှတ်(၃)လမ်း​ပေါ်ကအရပ်သား​တွေရဲ့ကား​တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ​ကြောင့်ပြည်သူ၆ဦး သေဆုံးပြီး သံဃာ တွေအပါအဝင်ပြည်သူ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

ဩဂုတ်လ၁၀ ရက်နေ့၊မွန်းလွဲ ၂နာရီက နေ ၄နာရီအထိ မိတ္ထီလာလေတပ်က လေယာဉ်(၂)စီး၊တံတားဦး လေတပ်က လေယာဉ်(၃)စီးစုစုပေါင်း လေယာဉ်၅စီးနဲ့ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း ၊တောင်ရင်းရွာအနီး ၊၁၄မိုင်လမ်းဆုံ ဘေးပတ်လည်ကို ဗုံးကြဲချခဲ့သလို စက်လက် တွေနဲ့ပါပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“ဘာတိုက်ပွဲမှကိုမရှိတာပါ။သပ်သပ်ကိုလာကြဲသွားတာ။ကျွန်တော်တို့ သေချာမစိစစ်‌‌နိုင်သေးဘူး။ရှင်းရှင်းလင်းလင်းနဲ့ ရှင်းလင်း ရေးမလုပ်ရ သေး တော့ ကနဦး တော့အဲ့လိုသိရတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနဦး​​သေဆုံးသူ ၆ ဦးရှိတယ်လို့သတင်းရရှိထားတာက​နေ ​သြဂုတ် ၁၁ ရက်ညပိုင်းရရှိတဲ့စာရင်းအရသေဆုံးသူ ၆ဦးအထိတိုးလာတာဖြစ်ပါတယ်။​လေ​ကြောင်းတိုက်ခိုက်ခံရတာ​ကြောင့်ကား​ပေါ်မှာရုပ်ပျက်ဆင်းပျက်ဖြစ်​နေတဲ့ ရုပ်အ​လောင်းအချို့ရဲ့ သတင်းဓါတ်ပုံအချို့ကိုလည်း People’s Spring ကလက်ခံရရှိထားပါတယ် ။

စစ်တပ်စစ်ကြောင်းကြောင့် ကားလမ်း ပေါ်မှာ ကုန်တင်ကားနဲ့ ခရီးသည်တင်ကား တွေ ပိတ်မိနေတဲ့အချိန် လေကြောင်းတိုက်ခိုက်ခဲ့တာမို့ကုန်တင်ကား ၄ စီးလည်းမီး လောင်ပျက်စီးခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဒီလမ်းဟာ မန္တလေး-‌ ရွှေဘို-မြစ်ကြီးနားကားတွေအသုံးပြုသလို မန္တလေး-စဉ့်ကူး- သပိတ်ကျင်း-မိုးကုတ် မြိုကိုသွားတဲ့ ကားတွေ အဓိကအသုံးပြုကုတဲ့လမ်းဖြစ်ပါတယ်။

ဒီနေရာရဲ့ အ ရှေ့ဘက်မှာလည်း စစ်ကောင်စီက ခြေလျင်စစ် ကြောင်းထိုးနေပြီး မန္တလေးမြို့ဘက်က နေ အင်အားဖြည့်တင်းတာ တွေလည်းပြုလုပ် နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ယနေ့ (ဩဂုတ် ၇ရက်) ညနေ ၄နာရီကျော်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းငါးရယ်ရွာကို စစ်ကောင်စီတပ်ကဇူလိုင်၂၈ ရက်မနက်အစောပိုင်းမှာဝင်ရောက်ပစ်ခတ်ခဲ့တာ​ကြောင့် ပြည်သူတချို့​သေဆုံးခဲ့ပြီး ဒဏ်ရာ‌နဲ့ ဓါးစာခံဖမ်းဆီးခံထားရသူ တွေလည်းရှိတယ်လို့ ဒေသခံ အချို့က​ပြောပါတယ်။