Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားလက်အောက် ရောက်ခဲ့တဲ့ နယ်မြေ ထက်ဝက်လောက်ကို ယူကရိန်း ပြန်သိမ်းယူပြီးပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

တန်ပြန် ထိုးစစ်အတွင်း ယူကရိန်းဟာ အနောက်မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ထားတဲ့ စစ်လက်နက် တော်တော်များများကို ဆုံးရှုံးခဲ့ရပေမယ့် အဲဒီစစ်ဆင်ရေးနဲ့ ပတ်သက်လို့ အမေရိကန်က အကောင်းမြင် မျှော်လင့်ထားဆဲလို့လည်း ဘလင်ကန်က ပြောပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ချိန် ကတည်းက လက်လွှတ်ခဲ့ရတဲ့ ပိုင်နက်နယ်မြေတွေရဲ့ ထက်ဝက်လောက်ကို ယူကရိန်းက ပြန်လည် သိမ်းယူထားနိုင်ပြီး ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

လောလောဆယ်မှာ ယူကရိန်းက ရုရှားရဲ့ ထိန်းချုပ်နယ်မြေတွေကို ပြန်လည် ရရှိဖို့ တန်ပြန်ထိုးစစ် ဆင်နွှဲနေပြီး ရလဒ်တွေ အရမ်း ကောင်းမွန်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။ ဘလင်ကန်က အဲဒီ တန်ပြန်ထိုးစစ်ဟာ အစောပိုင်း အဆင့်မှာသာ ရှိနေသေးတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

မြင်သာတဲ့ အချက်ကတော့ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲဖို့အထိ ဖြစ်စေခဲ့တဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရည်မှန်းချက် အားလုံးကတော့ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်ကြောင်း၊ ရုရှားဟာ စစ်ပွဲမှာ ရှုံးနိမ့်နေပြီဆိုတာ မြင်သာကြောင်း၊ ပူတင်က ကမ္ဘာ့မြေပုံပေါ်မှာ ယူကရိန်းကို ဖျောက်ပစ်ပစ် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု၊ လွတ်လပ်မှုတွေကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အဲဒီကိစ္စဟာ မဖြစ်နိုင်ဖို့ သေချာသွားတာ အချိန်အတော်တောင် ကြာခဲ့ပြီဖြစ်ကြောင်း ဘလင်ကန်က ဆိုပါတယ်။

GPSနဲ့ အင်တာဗျူးမှာ ဘလင်ကန်က အခုဆိုရင် ယူကရိန်း အနေနဲ့ ရုရှားထိန်းချုပ်နယ်မြေ ၅၀ ရာခိုင်နှုူန်းလောက်ကိုတောင် ပြန်လည် ရရှိထားပြီး ဖြစ်ကြောင်း၊ နောက်ထပ်လည်း ကိုယ့်ပိုင်နက် နယ်မြေတွေ ပိုမို လွတ်မြောက်ဖို့ ယူကရိန်း စစ်တပ်က အပြင်းအထန် အားထုတ်နေဆဲဖြစ်ကြောင်း ဘလင်ကန်က ပြောကြားသွားပါတယ်။

တန်ပြန် ထိုးစစ်အတွင်း ယူကရိန်းဟာ အနောက်မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ထားတဲ့ စစ်လက်နက် တော်တော်များများကို ဆုံးရှုံးခဲ့ရပေမယ့် အဲဒီစစ်ဆင်ရေးနဲ့ ပတ်သက်လို့ အမေရိကန်က အကောင်းမြင် မျှော်လင့်ထားဆဲလို့လည်း ဘလင်ကန်က ပြောပါတယ်။

ရုရှားက ခံစစ်ကို အကျအန ခိုင်ခိုင်မာမာ ပြင်ဆင်ထားကြောင်း၊ ဒါပေမဲ့ တစ်ဖက်မှာတော့ ယူကရိန်းဟာ နိုင်ငံပေါင်း ၅၀ လောက်ဆီက အထောက်အပံ့ မျိုးစုံနဲ့ တပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်ပေးမှုတွေ လက်ခံရရှိနေကြောင်း၊ အဲဒီလို လေ့ကျင့်ပေးထားတဲ့ ယူကရိန်း စစ်သည်တွေထဲက တော်တော်များများဟာ စစ်မြေပြင်ကိုတောင် အမှန်တကယ် ရောက်မသွားသေးကြောင်း၊ နောက်ပြီး ရုရှားနဲ့ မတူတာက ယူကရိန်းဟာ သူတို့နိုင်ငံ၊ သူတို့ရေမြေ၊ သူတို့အနာဂတ်၊ သူတို့လွတ်လပ်ခွင့်အတွက် တိုက်ခိုက်နေတာ ဖြစ်ပြီး အဲဒီ စိတ်ဓာတ်ပိုင်း ကွာဟချက်က စစ်ပွဲမှာ အဆုံးအဖြတ်ပေးမယ့် အဓိက အကြောင်းတရားတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဘလင်ကန်က ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်နဲ့ ပတ်သက်လို့ ရလဒ်ကောင်းတွေကို သီတင်းပတ် နည်းနည်းလောက်အတွင်းမှာ ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်မထားဖို့ သူက သတိပေးခဲ့ပြီး စစ်ဆင်ရေးတွေဟာ နောက်ထပ် လနဲ့ချီ ကြာမြင့်နေနိုင်တယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။