Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မိုးဗြဲ-လွိုင်​ကော်လမ်းနဲ့ ဖယ်ခုံမြို့တို့မှာ တိုက်ပွဲများဖြစ်

မိုးဗြဲ-လွိုင်ကော်လမ်းမကြီးနဲ့ ဖယ်ခုံမြို့ဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲများရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက ပြောပါတယ်။ ဖယ်ခုံမြို့နယ်၊ ခေါင်းအိ ကျေးရွာတကြောနဲ့ မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကြားရှိ ကန်းကျိုင်း ကျေးရွာတို့မှာ အခုသီတင်းပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေတာလို့ သိရပါတယ်။ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲအရှိန်ကြောင့် ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ ခြေလျင်၊ ယာဥ်တန်း အပါအဝင် ရဟတ်ယာဥ်များနဲ့ နေ့စဥ်နီးပါး အင်အားဖြည့်တင်းနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့ကြောင့် မိုးဗြဲ-လွိုင်ကော်၊ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးများကို ပြည်သူများ အသုံးမပြုဖို့ KNDF က သတိပေးထားပါတယ်။

▪️လက်ခတ်တောင်တိုက်ပွဲ ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့တဲ့ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးကို စစ်ကောင်စီအရေးယူဟုဆို

စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နဲ့ ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲမှာ ဆုတ်မိန့်မရဘဲတပ်ဆုတ်ခဲ့တဲ့ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတို့ကို စစ်ကောင်စီက အရေးယူထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီနေ့ ထုတ်ပြန်ပါတယ်။ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဇူလိုင် ၂၁ ရက်က စခန်းသိမ်းပိုက်နိုင်ခဲ့တာပါ။ ရန်သူထိခိုက် သေဆုံးမှုစာရင်းကို စိစစ်ဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ဆုတ်မိန့် မရဘဲ တပ်ဆုတ်ခဲ့တဲ့ ခမရ(၂)မှ တပ်ရင်းမှူး အာကာအောင် နဲ့ ဒုတပ်ရင်းမှူး ကျော်သူမောင်တို့ နှစ်ဦးကို အာဏာဖီဆန်မှုဖြင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ အကျဥ်းထောင်မှာ အပြစ်ပေးထောင်ချခံနေရတယ်လို့ KNU က ဖော်ပြပါတယ်။

(စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ နှင့် KNLA - ကော်ဘရာ စစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ နှင့် KNLA – ကော်ဘရာ စစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

▪️ညောင်ပင်လှရွာ ပျူစခန်းတိုက်ခိုက်မှု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ ညောင်ပင်လှကျေးရွာရှိ ပျူစောထီးစခန်းတိုက်ခိုက်မှုဖြစ်စဥ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးတယ်လို့ ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့ တာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားတဲ့ ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စုဘက်မှ ငါးဦးသေဆုံးတဲ့အပြင် နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ ကာဘိုင် နှစ်လက်၊ ကိုးလုံး တစ်လက်၊ ကိုးလုံးကျည် ၂၅ တောင့်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကျည်ဘောက်တစ်ခုနဲ့ ချပ်ဝတ်တန်ဆာခုနစ်ခုတို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။

(သိမ်းဆည်းရမိသောလက်နက်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-LDF)
(သိမ်းဆည်းရမိသောလက်နက်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-LDF)

▪️မူဆယ် စယ်လန့်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေဟု TNLAပြော

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးမှာ တအာင်းတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးတယ်လို့ TNLA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောပါတယ်။ မနေ့ ညနေပိုင်းက မူဆယ်မြို့မှ စယ်လန့်ကျေးရွာသို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို TNLAက ဦးစွာတိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိတယ်လို့ တားအိုက်ကျော်က ပြောပါတယ်။ ဒီလအတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှု ပိုလုပ်လာလို့ ထိတွေ့မှု ပိုများလာတယ်လို့ သူက ဆိုပါတယ်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သော တအာင်းတပ်မတော် (TNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ PSLF/TNLA)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သော တအာင်းတပ်မတော် (TNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ PSLF/TNLA)

▪️KNLAတပ်ရင်း(၂၇)တိုက်ခိုက်မှုကြောင့် လေးရက်အတွင်း စစ်ကောင်စီတပ် ၁၀ ဦးသေ၊ အရာရှိအပါအဝင် ၁၁ ဦးဒဏ်ရာရဟု ဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၆)၊ တပ်ရင်း (၂၇)ရဲ့ တိုက်ခိုက်မှုကြောင့် လေးရက်အတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးသေဆုံးကာ ဗိုလ်ကြီး နှစ်ဦးအပါအဝင် ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ခမရ(၄၀၇)၊ခမရ(၁၀၄) တပ်များနဲ့ ဇူလိုင် ၁၇ မှ ၂၁ ရက်အထိ လေးရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း KNLAဘက်မှ လေးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးကျဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

(တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ပြည်သူ့ရဲဘော်​၏ ရုပ်အလောင်းအား သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - KNU)
(တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ပြည်သူ့ရဲဘော်​၏ ရုပ်အလောင်းအား သယ်ဆောင်လာစဉ်။ ဓာတ်ပုံ – KNU)

▪️ကျောက်တံခါးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အရာရှိအပါအဝင် သေဆုံးထိခိုက်များဟု PDF စစ်ရုံးချုပ်ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်မှာ KNLA/PDF မဟာမိတ်တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။ ကျောက်တံခါးမြို့နယ် နံဇကျေးရွာအနီး ဇူလိုင် ၁၉ ရက် ညက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမှာ တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပေမယ့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၃၃ ဦး သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၄၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

(တောင်ပိုင်းစစ်ဒေသအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(တောင်ပိုင်းစစ်ဒေသအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

▪️ကျဆုံးသူရဲ​ကောင်းများအတွက် အ​မေရိကန်သံရုံး ထပ်တူဝမ်းနည်း

စစ်​ကောင်စီ​ကြောင့်​ကျဆုံးခဲ့ရသူများအတွက် မြန်မာပြည်သူများနှင့်ထပ်တူ ပူ​ဆွေး​သောက​ရောက်ရပြီး အ​ခြေခံကျသော အခွင့်အ​ရေးနဲ့ လွတ်လပ်ခွင့်များ ကျင့်သုံးနိုင်ဖို့ စိတ်အားထက်သန်​နေ​သော မြန်မာပြည်သူများကို ဆက်လက်အား​ပေး​ထောက်ခံမယ်လို့ ရန်ကုန်မြို့ရှိ အ​မေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများဖြစ်တဲ့ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်အုပ်စုက မတရားသဖြင့်၊ ဥပဒေမဲ့ ကြိုးပေးကွပ်မျက်ခဲ့ခြင်း တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာ အမေရိကန်သံရုံးက အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းခဲ့ချိန်ကစလို့ အာဏာရှင်အဖွဲ့အစည်းနဲ့ ၎င်းတို့ကျူးလွန်နေတဲ့ အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှူံးခဲ့ကြရသော လူပေါင်း ၃၈၀၀ ကျော်အတွက် မြန်မာပြည်သူများနှင့်အတူ ပူဆွေးသောကရောက်ရတယ်လို့ ဖော်ပြပါတယ်။

▪️မြောင်နယ် စစ်အုပ်စုစခန်းကို အမျိုးသမီးဒရုန်းအဖွဲ့နဲ့ မဟာမိတ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲရာ စခန်းကို အမျိုးသမီးဒရုန်းအဖွဲ့နဲ့ မဟာမိတ်များက သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် T.G.R People Defense Force က သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက မြောင်မြို့နယ်၊ ကျောက်ရစ်ရွာရှိ စစ်ကောင်စီစခန်းကို ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအနီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်အုပ်စုဘက်က ထိခိုက်မှုအခြေအနေကို မသိရသေးပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

(ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲရာ စခန်းအား ပစ်ခတ်ရန်ချိန်ရွယ်နေသော အမျိုးသမီးရဲဘော်အား တွေ့ရစဥ်)
(ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲရာ စခန်းအား ပစ်ခတ်ရန်ချိန်ရွယ်နေသော အမျိုးသမီးရဲဘော်အား တွေ့ရစဥ်)