Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တူရကီ ပြည်ထဲရေးဝန်ကြီး ရုံးကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲမှု ဖြစ်ပွား

တရားရေးဝန်ကြီး ယီလ်မက်ဇ် တွန်းခ်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ ဒီလို တိုက်ခိုက်မှုမျိုးတွေကြောင့် တူရကီရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အားထုတ်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ သူက ကြုံးဝါးသွားခဲ့ပါတယ်။

တူရကီ ပြည်ထဲရေးဝန်ကြီး ရုံးကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲမှု ဖြစ်ပွား
တူရကီ ပြည်ထဲရေးဝန်ကြီး ရုံးကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲမှု ဖြစ်ပွား

တူရကီနိုင်ငံက ပြည်ထဲရေး ဝန်ကြီးဌာန အဆောက်အအုံကို ရဲတင်းတဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားနှစ်ဦး သေဆုံးခဲ့သလို လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက် မနက်ပိုင်းက တူရကီ လွှတ်တော်မှာ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်က မိန့်ခွန်းမပြောခင် နာရီပိုင်း အလိုမှာ အခုလို ဆိုးရွားတဲ့ ထိတ်လန့်စရာ တိုက်ခိုက်မှုမျိုး ကြုံခဲ့ရတာပါ။ အန်ကာရာ မြို့တော်က ဝန်ကြီးဌာန အဆောက်အအုံ ရှေ့ကို ကားတစ်စီး လာရောက် ရပ်တန့်တဲ့နောက် အသေခံ ဗုံးသမား တစ်ဦးက အတင်း ပြေးဝင်လာပြီး လမ်းအတားအဆီးတွေနားမှာ စနက်တံဖြုတ် ဖောက်ခွဲပစ်လိုက်ပါတယ်။

ပေါက်ကွဲမှုဟာ အရမ်းပြင်းထန်ပြီး ဗုံးအစအနတွေ လွင့်စဉ်တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။ ကားထဲမှာ ပါလာတဲ့ နောက်ထပ် ကြံရာပါ အကြမ်းဖက်သမား တစ်ဦးကိုတော့ အချိန်မီ ပစ်ခတ် ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အလီ ယာလီကာယာက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာ ကားထဲကနေ ဗုံးသမားက ဆင်းလာပြီးတာနဲ့ ဂိတ်ပေါက်ဝဆီ ပြေးသွားပြီး ဖောက်ခွဲပစ်လိုက်တာကို အထင်အရှား တွေ့နိုင်ပါတယ်။ နောက်ထပ် အမျိုးသား တစ်ဦးကလည်း ကားထဲကနေ ဆင်းလာဖို့ ကြိုးစားခဲ့တာ တွေ့ရပြီး သူ့လက်ထဲမှာ သေနတ်ပါမပါ ဆိုတာကိုတော့ အတိအကျ အတည်မပြုနိုင်ပါဘူး။

အသေခံ ဗုံးခွဲမှုကြောင့် ဝန်ကြီးဌာနရုံး အရှေ့ဖက်က လုံခြုံရေးဂိတ်မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ရဲတွေက အခင်းဖြစ်ရာ နေရာတဝိုက်ကို ပိတ်ထားလိုက်ပြီးတဲ့နောက် ကားနားမှာပဲ သေဆုံးနေသူ ဒုတိယ အကြမ်းဖက်သမားရဲ့ ကိုယ်ပေါ်မှာ တွေ့ရတဲ့ ဗုံးတစ်လုံးကို ထိန်းချုပ် ဖောက်ခွဲပစ်ခဲ့ပါတယ်။

Public Service Announcement