Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးအနီး ဗုံးပေါက်

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် တောင်ဥက္ကလာပမြို့နယ် မီတာရုံး (ပုံအဟောင်း)-ဓါတ်ပုံ-CJ
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် တောင်ဥက္ကလာပမြို့နယ် မီတာရုံး (ပုံအဟောင်း)-ဓါတ်ပုံ-CJ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ပါရမီလမ်းနှင့်သုမင်္ဂလာလမ်းထောင့် ကေတုမာလာကွေ့ မြို့နယ်လျှပ်စစ်ရုံး (မီတာရုံး)အနီး ယမန်နေ့ (အောက်တိုဘာ ၁)ညပိုင်းက ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများကပြောသည်။

“ည ၉ နာရီလောက်က ကေတုမာလာကွေ့နားမှာ ဗုံးပေါက်သံ တော်တော်ကျယ်ကျယ် ကြားလိုက်ရတယ်။ မီတာရုံးနားမှာ ဗုံးပေါက်တာလို့တော့ ပြောကြတယ်။ ရဲကား၊ စစ်ကားတွေ အများကြီး သုမင်္ဂလာလမ်းဘက်ကို သွားနေတာတော့ တွေ့လိုက်တယ်” ဟု တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ​ပြောသည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းပေါ်တို့တွင် စစ်ကားနှစ်စီးလမ်းပိတ်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။ပေါက်ကွဲမှု​ကြောင့် ထိခိုက်ပျက်စီးမှုအ​ခြေအ​နေကိုမူ မသိရ​​သေးပါ။

အဆိုပါ တောင်ဥက္ကလာပမြို့နယ် မီတာရုံးသည် ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီနှင့် သြဂုတ်လအတွင်းကလည်း နှစ်ကြိမ်ခန့် ဗုံးပေါက်ကွဲခဲ့သေးသည်။ ​

ထို့အပြင် လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ် အစပ်တွင် ယမန်​နေ့ညက ဗုံး​ပေါက်ကွဲသံကိုကြားပြီး​နောက် စစ်​ကောင်စီတပ်ဖွဲ့ဝင်များလာသွား​ကြောင်း ပြည်သူအချို့က​ပြောသည်။အလားတူ ​ရွှေပြည်သာမြို့နယ်တွင်လည်း​​ယမန်​နေ့ညက ​ပေါက်ကွဲသံကြား​ကြောင်း ​ဒေသခံ ပြည်သူအချို့က​ပြောသည်။

Public Service Announcement