Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီခန့်အုပ်ကြီး နှစ်ကြိမ်မြောက် ပစ်ခတ်ခံရပြီးနောက် သေဆုံး

ယင်းစစ်ဆင်ရေးကို နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF နှင့် Fight Stars . Special task Force . myingyan 8 Stars. Myingyan MP-9 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီခန့်အုပ်ကြီးထံမှ သိမ်းဆည်းရမိသောလက်နက်နှင့်ပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-NYSGF
စစ်ကောင်စီခန့်အုပ်ကြီးထံမှ သိမ်းဆည်းရမိသောလက်နက်နှင့်ပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-NYSGF

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး နှစ်ကြိမ်မြောက် ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ် -NYSGFအဖွဲ့၏ တာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်လာ၃၀ ရက်)နံနက် ၇နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မိုးတောင်(၆)ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်​ရေးမှူး သက်ခိုင်ဆိုသူသည် လက်ဖက်ရည်သောက်နေစဥ် ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်သည်။

စစ်ကောင်စီခန့်အုပ်ကြီးထံမှ သိမ်းဆည်းရမိသောလက်နက်နှင့်ပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-NYSGF
စစ်ကောင်စီခန့်အုပ်ကြီးထံမှ သိမ်းဆည်းရမိသောလက်နက်နှင့်ပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-NYSGF

၎င်းသည် စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေခြင်း၊ လက်နက်ကိုင်ပျူစောထီးခေါင်းဆောင်လည်း ဖြစ်နေခြင်းတို့ကြောင့် ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ဒီဇင်ဘာကလည်း တစ်ကြိမ်ပစ်ခတ်ရှင်းလင်းခဲ့သော်လည်း သေဆုံးခြင်းမရှိကြောင်း နောင်ရိုးအထူးပြောက်ကျားတပ် -NYSGFအဖွဲ့၏ တာဝန်ခံက ပြောသည်။

“သူက ဒါကောဆိုနှစ်ခါရှိပြီဗျ။ ပထမတစ်ခါပစ်တုန်းက မသေဘူး။ လေးချက်မှန်တာ။ ဆေးရုံတက်ကုတာ ပြန်ရှင်လာတာ။ သေရွာပြန်ပေါ့။ခုတစ်ခါတော့ အရှည် သုံးလက်နဲ့ အနီးကပ်ဝိုင်းပစ်တာဆိုတော့ ပွဲချင်းပြီးသွားတယ်။ ဘေးကလူထိခိုက်တာမျိုးမရှိဘူး။”ဟု NYSGFအဖွဲ့၏ တာဝန်ခံက ပြောသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူးထံမှပွိုင့်22 လက်လုပ်အတို၂လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ကျပ် (၁)သိန်းကျော်တို့အား သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ ဖုန်းမှအရေးကြီးအချက်အလက်များလည်းရှာဖွေတွေ့ရှိခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ် -NYSGFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF နှင့် Fight Stars . Special task Force . myingyan 8 Stars. Myingyan MP-9 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။