Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစ္စရေးနဲ့ ပဋိပက္ခမှာ အမေရိကန် ဝင်မပါဖို့ အီရန်သတိပေး

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ပဋိပက္ခမှာ အမေရိကန် ဝင်မပါဖို့ အီရန်သတိပေး
အစ္စရေးနဲ့ ပဋိပက္ခမှာ အမေရိကန် ဝင်မပါဖို့ အီရန်သတိပေး

အစ္စရေးနဲ့ ပဋိပက္ခမှာ ဝင်မပါဖို့ အမေရိကန်ကို အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

ဧပြီ ၁၃ ရက် ညပိုင်းက အီရန်ကနေ အစ္စရေးနိုင်ငံ အနှံ့ကို ဒရုန်းနဲ့ ဒုံးကျည် အစင်း ၃၀၀ ဝန်းကျင်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အမေရိကန်က အစ္စရေးဖက်ကနေ ကူညီရင်း အီရန်ရဲ့ စစ်လက်နက်တွေကို ကြားဖြတ် ပစ်ချပေးခဲ့ပါတယ်။

အဲဒီနောက် ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

အီရန်က ဧပြီ ၁ ရက်နေ့တုန်းက ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့က အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်လို့ အီရန် စစ်ဘက် အရာရှိတွေ သေဆုံးခဲ့တဲ့အတွက် အခုလို လက်တုံ့ပြန်တာလို့ အကြောင်းပြခဲ့ပါတယ်။ အစ္စရေးကတော့ ဒမတ်စကက်က ကိစ္စနဲ့ ပတ်သက်လို့ ဝန်ခံတာရော၊ ငြင်းဆန်တာရော မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒီပဋိပက္ခဟာ အီရန်နဲ့ ရန်သူ အစ္စရေး အစိုးရကြားက ပြဿနာသာဖြစ်ကြောင်း၊ အမေရိကန်ဟာ ခပ်ဝေးဝေးပဲ နေသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ကတော့ အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်တွေဟာ အစ္စရေးဆီ ဦးတည်လာနေတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကူညီ ပစ်ချပေးခဲ့သလို အစ္စရေးအတွက် ခံစစ်ပိုင်းဆိုင်ရာ အကူအညီတွေလည်း ထပ်မံ ပံ့ပိုးပေးခဲ့တယ်လို့ ကြေညာပါတယ်။

တစ်ဖက်မှာတော့ အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ မစ်ရှင်က ကုလသမဂ္ဂ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အမှတ် ၅၁ အရ အီရန်ဟာ ကိုယ့်နိုင်ငံကို တခြားနိုင်ငံ တစ်ခုက ထိပါးလာရင် တရားဝင် ခုခံ တုံ့ပြန်ခွင့်ရှိတယ်ဆိုတဲ့အတိုင်း တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုတွေအပြီး အစ္စရေးက ဘယ်လို ခြေလှမ်းပြင်လာမလဲ ဆိုတာကို မသိရသေးပါဘူး။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အစ္စရေး စစ်တပ်ဟာ အီရန်ရဲ့ တိုက်ရိုက် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေကို ကြိုတင် မှန်းဆပြီး ပြင်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေး စစ်တပ်ရဲ့ အဆိုအရ အီရန် ပစ်လွှတ်ခဲ့တဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေထဲက ၉၉ ရာခိုင်နှုန်းကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: Sky⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်က တော်လှန်ရေး အစောင့်တပ်ရဲ့ အရာရှိတွေ သေဆုံးခဲ့တဲ့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုဟာ အစ္စရေး လက်ချက်လို့ တပ်အပ် စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေဆဲပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

နိုင်ငံတကာ

ဟန်နီရာဟာ ဟားမားစ်ရဲ့ စကားပြော တင်းမာ ပြတ်သားသူ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါတယ်။ နိုဝင်ဘာလတုန်းကလည်း ဂါဇာမှာ ရှိနေတဲ့ သူ့ရဲ့ မိသားစု နေအိမ်ဟာ အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။