Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမားစ် ခေါင်းဆောင်ရဲ့ သားသုံးယောက် သေဆုံး

ဟန်နီရာဟာ ဟားမားစ်ရဲ့ စကားပြော တင်းမာ ပြတ်သားသူ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါတယ်။ နိုဝင်ဘာလတုန်းကလည်း ဂါဇာမှာ ရှိနေတဲ့ သူ့ရဲ့ မိသားစု နေအိမ်ဟာ အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ပျက်စီးခဲ့ပါတယ်။

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမားစ် ခေါင်းဆောင်ရဲ့ သားသုံးယောက် သေဆုံး
အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမားစ် ခေါင်းဆောင်ရဲ့ သားသုံးယောက် သေဆုံး

အစ္စရေးရဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း သားသုံးယောက်ကို ဆုံးရှုံးလိုက်ရတယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်က အတည်ပြု ပြောကြားခဲ့ပါတယ်။

အစ္စမေးလ် ဟန်နီယာက ဧပြီ ၁၀ ရက်နေ့၊ ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှု တခုကြောင့် သားသုံးယောက် သေဆုံးသွားတယ် ဆိုတာကို ကြေညာခဲ့ပါတယ်။ ဟာဇမ်၊ အေမာနဲ့ မိုဟာမက်တို့ သုံးဦးဟာ အယ်လ်ရှာတီ ဒုက္ခသည် စခန်းမှာ သူတို့ စီးနင်းလာတဲ့ကားကို ပစ်မှတ်ထား ဗုံးကြဲမှု တစ်ခုအတွင်း သေဆုံးသွားခဲ့တယ် ဆိုတာကို ဟားမားစ် အဖွဲ့ကလည်း သီးခြား ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟန်နီရာရဲ့ မြေးနှစ်ဦးလည်း သေဆုံးပြီး တတိယမြောက် မြေးတစ်ဦးကတော့ ဒဏ်ရာရသွားခဲ့ပါတယ်။

ဟားမားစ်ရဲ့ ရပ်တည်ချက်တွေနဲ့ တောင်းဆိုချက်တွေက တိကျပြီး ရှင်းလင်းကြောင်း၊ သူ့သားတွေကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့ရုံနဲ့ အလျှော့ပေးလိုက်မယ်လို့ ယူဆရင် ရန်သူဟာ အကြီးအကျယ် စိတ်ရူးပေါက်နေတာသာ ဖြစ်နိုင်ကြောင်း၊ ဟားမားစ်ဟာ ရပ်တည်ချက်တွေ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ကြောင်း ဟန်နီရာက Al Jazeera သတင်းဌာနဆီ ဆက်သွယ် ပြောကြားခဲ့ပါတယ်။

သူ့အတွက်တော့ ပါလက်စတိုင်း ပြည်သူတွေ ကျခဲ့တဲ့ သွေးတွေထက် သားတွေရဲ့ သွေးတွေက ပိုပြီးတော့ တန်ဖိုး ကြီးမနေဘူးလို့လည်း ဟားမားစ် ခေါင်းဆောင်က ဆိုပါတယ်။ သူဟာ လောလောဆယ် ဂါဇာမှာ ရှိမနေဘဲ ကာတာမှာ အခြေစိုက် နေထိုင်ပါတယ်။

ဟန်နီရာဟာ ဟားမားစ်ရဲ့ စကားပြော တင်းမာ ပြတ်သားသူ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါတယ်။ နိုဝင်ဘာလတုန်းကလည်း ဂါဇာမှာ ရှိနေတဲ့ သူ့ရဲ့ မိသားစု နေအိမ်ဟာ အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ဂါဇာမှာ အပစ်ရပ်ရေးအတွက် အစ္စရေးဖက်က အဆိုပြုချက်တွေကို လေ့လာခဲ့ပေမယ့် ပါလက်စတိုင်းတွေရဲ့ သဘောထား ဆန္ဒနဲ့ နီးစပ်မှု လုံးဝ မရှိတဲ့အတွက် အထမြောက်ဖို့ မလွယ်ကြောင်းလည်း မကြာသေးခင်က မှတ်ချက် ပေးထားပါတယ်။

သူဟာ ဟားမားစ် ခေါင်းဆောင်အဖြစ် ၂၀၁၇ ခုနှစ်မှာ တင်မြှောက် ခံခဲ့ရပြီး စစ်ရေးထက် နိုင်ငံရေးနဲ့ သံတမန်ရေး တာဝန်တွေကို အဓိက ထမ်းဆောင်နေခဲ့ပါတယ်။ ဂါဇာမှာ စစ်ပွဲစတင်လာတဲ့နောက် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုတွေဟာ ဟန်နီရာဟာ အရေးပါတဲ့ ပါဝင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အော်စတင်က အမေရိကန် အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာမှု အစီအစဉ်မှာ အော်စတင်က ပြောကြားသွားပါတယ်။

သတင်း

စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းသည် ရတခတွင်ရောက်ရှိကာ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ်ကွပ်ကဲနေကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။