Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂါဇာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု အရေးအကြီးဆုံး အချိုးအကွေ့ ကာလကို ရောက်ရှိနေ

လအတော်ကြာအောင် သိသာတဲ့ တိုးတက်မှုတွေ မရခဲ့တဲ့ ဂါဇာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေဟာ အရေးကြီးတဲ့ အချိုးအကွေ့ ကာလကို ရောက်ရှိနေကြောင်း သိရပါတယ်။

ဂါဇာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု အရေးအကြီးဆုံး အချိုးအကွေ့ ကာလကို ရောက်ရှိနေ
ဂါဇာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု အရေးအကြီးဆုံး အချိုးအကွေ့ ကာလကို ရောက်ရှိနေ

အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့လို နိုင်ငံတွေက ကြားဝင် စေ့စပ် ညှိနှိုင်းပေးနေတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ အချက်အတော်များများမှာ အစ္စရေးနဲ့ ဟားမားစ်တို့ကြား သဘောတူနိုင်တဲ့ အခြေအနေ ရှိပေမယ့် အရေးကြီးတဲ့ တချို့ သဘောကွဲလွဲမှုတွေ ကျန်နေဆဲလို့ ဆိုပါတယ်။ လောလောဆယ် ညှိနှိုင်းနေတာက သီတင်းပတ်တချို့ အပစ်အခတ် ရပ်စဲထားပြီး တစ်ချိန်တည်းမှာပဲ အစ္စရေး နိုင်ငံသား ဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို သုံ့ပန်းချင်း လဲလှယ်နိုင်ရေး ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲရေးအတွက် မူကြမ်း တော်တော်များများကို ရေးဆွဲ အဆိုတင်သွင်းခဲ့ပြီး ဘယ်အပိုင်းတွေမှာ အလုပ်ဖြစ်အောင် အကောင်အထည် ဖော်နိုင်မလဲ ဆိုတာကို အကျေအလည် ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

အစ္စရေး ကိုယ်စားလှယ်တွေနဲ့ နီးစပ်သူတွေကတော့ စစ်ပွဲကို အပြီးတိုင် ရပ်ဆိုင်းရေးဆိုတဲ့ ဟားမားစ်တွေဖက်က တောင်းဆိုမှု အပါအဝင် အချက်လေးခုလောက်ကို သဘောမတူနိုင်သေးဘူးလို့ ပြောကြားထားပါတယ်။ နောက်ပြီး ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံ ၃၃ ယောက်ကို အစ္စရေးဆီ ပြန်လွှဲပြောင်းပေးဖို့ တောင်းဆိုရာမှာလည်း အသက်ရှင်လျက်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ စကားလုံး အသုံးအနှုန်း သဘောတူညီမှုတွေ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။

အခြေခံ အကျဆုံး အဆိုပြုချက်ကတော့ နှစ်ဖက်စလုံးဟာ အချိန်ကာလ အတိုင်းအတာ တစ်ခုထိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ထားရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ လေ့လာသူတွေက အပစ်အခတ် ရပ်စဲရေး ကာလဟာ သီတင်း ၆ ပတ်ဝန်းကျင် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ဂါဇာမှာ စစ်ဆင်ရေးတွေကို လုံးဝဥဿုံ ရပ်ဆိုင်းပစ်မှာ မဟုတ်ဘူးလို့ ကြိုတင် သတိပေးထားပါတယ်။ ဟားမားစ်တွေက ဂါဇာမှာ သူတို့ရဲ့ ဆိုးယုတ်တဲ့ အုပ်စိုးမှုကို ပြန်လည် အသက်သွင်းနိုင်ဖို့ အစ္စရေးက လုံးဝ ခွင့်ပြုမှာ မဟုတ်ကြောင်း၊ ဟားမားစ်တွေရဲ့ စစ်ရေးအင်အား တကျော့ပြန် ခေါင်းထောင်မလာအောင် ပြတ်ပြတ်သားသား တားဆီးဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း၊ အစ္စရေး နိုင်ငံနဲ့ ပြည်သူတွေရဲ့ အနာဂတ်အတွက် ရတက်မအေးစရာ အဆိုပြုချက်မျိုးကို သူက လုံးဝ လက်မခံကြောင်း နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကတော့ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိစေဖို့ အလေးအနက် တိုက်တွန်းနေပြီး အစ္စရေးနဲ့ ပါလက်စတိုင်း ပြည်သူတွေအပြင် အရှေ့အလယ်ပိုင်း ဒေသကြီး တစ်ခုလုံးရဲ့ ကံကြမ္မာကိုပါ အဆုံးအဖြတ်ပေးမယ့် အရေးအကြီးဆုံး ကာလကို ဖြတ်သန်းနေရကြောင်း မှတ်ချက်ပေးထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းမီဒီယာ ကျင့်ဝတ်တွေကို လေးစားလိုက်နာမှု မရှိခဲ့ဘူးဆိုတဲ့ အစ္စရေးဖက်က စွပ်စွဲချက်ကိုလည်း Al Jazeeraက ပြတ်ပြတ်သားသား ငြင်းပယ်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။