Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အပစ်ရပ် သဘောတူညီမှု ရခဲ့ရင်တောင် ရာဖားဟ်မြို့ကို ထိုးစစ်ဆင်မယ့် အစီအစဉ်ကို မစွန့်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ပြော

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

အပစ်ရပ် သဘောတူညီမှု ရခဲ့ရင်တောင် ရာဖားဟ်မြို့ကို ထိုးစစ်ဆင်မယ့် အစီအစဉ်ကို မစွန့်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ပြော
အပစ်ရပ် သဘောတူညီမှု ရခဲ့ရင်တောင် ရာဖားဟ်မြို့ကို ထိုးစစ်ဆင်မယ့် အစီအစဉ်ကို မစွန့်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ပြော

ဟားမားစ် ပြောက်ကျားတွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂါဇာတောင်ပိုင်းမှာရှိတဲ့ ရာဖားဟ်မြို့ကို အစ္စရေးက သေချာပေါက် မြေပြင်ထိုးစစ် ဆင်နွှဲသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

လတ်တလောမှာ အစ္စရေးနဲ့ ဟားမားစ်တို့ကြား ယာယီ အပစ်အခတ် ရပ်စဲနိုင်ရေးကိစ္စကို ကြားခံ ညှိနှိုင်းပေးနေတဲ့ နိုင်ငံတွေက အသည်းအသန် ကြိုးစားနေပြီး နှစ်ဖက်စလုံးကိုလည်း နားချနေပါတယ်။ အစ္စရေးရဲ့ အဓိက စစ်မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကလည်း ဂါဇာကမ်းမြှောင် တောင်ပိုင်းမှာ ပါလက်စတိုင်း ဒုက္ခသည် သန်းနဲ့ချီ စုဝေးနေတဲ့ ရာဖားဟ်မြို့ကို အစ္စရေးတပ်တွေ မြေပြင်ထိုးစစ် မဆင်နွှဲဖို့ အစဉ်တစိုက် ဖိအားပေး တောင်းဆိုနေပါတယ်။

ဒါပေမဲ့လည်း သဘောထား တင်းမာသူ တစ်ဦးအဖြစ် လူသိများတဲ့ နေတန်ညာဟုကတော့ အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးပိုင်နက်ကို ကျူးကျော်ရန်စ တိုက်ခိုက်ခဲ့တဲ့ ဟားမားစ်တွေကို အပြီးတိုင် ချေမှုန်းဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်းနဲ့ ရာဖားဟ်ကို ထိုးစစ်ဆင်မှု အပါအဝင် အစ္စရေးရဲ့ စစ်ဆင်ရေး ရည်မှန်းချက်အားလုံး အောင်မြင်အောင် ရှေ့ဆက်ဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းတွေက အစ္စရေး မြို့ရွာတွေကို ကျူးကျော်ချိန်မှာ ဓားစာခံအဖြစ် ဖမ်းဆီးသွားတာ ခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ နေတန်ညာဟုက အစ္စရေး တပ်တွေဟာ ရာဖားဟ်ကို သေချာပေါက် ဝင်ရောက်ပြီး ဟားမားစ် တပ်ရင်းတပ်ဖွဲ့တွေကို ချေမှုန်းမှာဖြစ်ကြောင်း၊ ဒီအတောအတွင်း အပစ်ရပ် သဘောတူညီမှု တစ်ခုခု ရရ မရရ အဲဒီ အစီအစဉ်ကို ပြောင်းလဲမှာမဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာတော့ အမေရိကန်၊ အီဂျစ်နဲ့ ကာတာ အစိုးရ ကိုယ်စားလှယ်တွေဟာ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုကို အဆိုပြုပြီး သတိကြီးကြီး ဆွေးနွေးနေပါတယ်။ ဟားမားစ်တွေက အစ္စရေး ဓားစာခံ တော်တော်များများကို ပြန်လွှတ်ပေးရင် အပစ်အခတ် ရက် ၄၀ ရပ်စဲထားရေးဆိုတဲ့ ကိစ္စကို စဉ်းစားနေပြီး တစ်ဖက်မှာလည်း ဟားမားစ် ခေါင်းဆောင်တချို့က အစ္စရေးရဲ့ စစ်ဆင်ရေးတွေ အလုံးစုံ မရပ်တန့်မချင်း ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒမရှိကြောင်း တင်းခံထားတဲ့အတွက် ကြားဝင်စေ့စပ်ပေးသူတွေအတွက် အကျပ်ရိုက်စရာ ဖြစ်နေပါတယ်။

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

Ref: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။