Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

⁨⁨တရုတ်မှာ တောင်ပတ် ကားလမ်းပြိုကျပြီး လူနှစ်ဒါဇင် သေဆုံး

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

⁨⁨တရုတ်မှာ တောင်ပတ် ကားလမ်းပြိုကျပြီး လူနှစ်ဒါဇင် သေဆုံး
⁨⁨တရုတ်မှာ တောင်ပတ် ကားလမ်းပြိုကျပြီး လူနှစ်ဒါဇင် သေဆုံး

တရုတ်နိုင်ငံမှာ တောင်ပတ် ကားလမ်း အပိုင်းတစ်ခု ရုတ်တရက် ပြိုကျသွားရာက လူပေါင်း နှစ်ဒါဇင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေလ ၁ ရက်နေ့တုန်းက ကွမ်တုံပြည်နယ်ထဲက မိုင်လောင် အဝေးပြေး လမ်းမပေါ်မှာ ကားတွေ ဖြတ်သန်းသွားလာနေတဲ့အချိန် ဆိုးရွားလှတဲ့ လမ်းပိုင်းပြိုကျမှုကြီး ဖြစ်ခဲ့တာပါ။

ရုတ်တရက် တောင်ပတ်လမ်း ပြိုဆင်းသွားရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် အခင်းဖြစ်ချိန်က မိုးသည်းသည်းထန်ထန် ရွာသွန်းနေပြီး အောက်ခံ မြေသားတွေ ပျော့နေနိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေအရ လေးလမ်းသွား ကားလမ်းရဲ့ ထက်ဝက်ဖြစ်တဲ့ ယာဉ်ကြောတစ်ခုလုံးစာမှာ ကျယ်ဝန်းတဲ့ မြေသားပြိုကျမှုကြီး ဖြစ်နေတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မြေပြိုကျသွားချိန်မှာ ကားတွေက ဒလိမ့်ကောက်ကွေး ထိုးကျသွားပြီး တချို့က မီးစွဲလောင်ခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်း ကားအစီး ၂၀ လောက်ထိ အဲဒီ မြေကျွံပြိုကျမှုကြီးမှာ ပြုတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

အစောပိုင်းက အသေအပျောက် ပမာဏကို ၁၉ ဦးလို့ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက ၂၄ ဦးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဆေးရုံတက်နေရသူ ၃၀ လောက် ရှိတယ်လို့လည်း ဆိုပါတယ်။

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

ကွမ်တုံဟာ တရုတ်ရဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး လတ်တလောမှာ ဒေသအနှံ့ မိုးသည်းသည်းထန်ထန် ရွာသွန်းလို့ ရေကြီးမှုတွေနဲ့လည်း ကြုံနေရပြီး အသေအပျောက်တွေ ရှိခဲ့သလို လူပေါင်း သိန်းနဲ့ချီ ရွှေ့ပြောင်းခဲ့ရပါတယ်။ ပြည်နယ်မြို့တော် ကွမ်ကျိုးမှာလည်း လေဆင်နှာမောင်းတိုက်ပြီး လူ ၅ ဦးသေဆုံးခဲ့သလို အိမ်တွေ၊ စက်ရုံ အလုပ်ရုံတွေ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် မြို့ထဲမှာ ဂေါက်သီးလုံး အရွယ်အစားလောက် မိုးသီးတွေ အများအပြား ကျဆင်းခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: SCMP⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။