Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Al Jazeera သတင်းဌာန ရုံးခန်းကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေ စီးနင်း

သတင်းမီဒီယာ ကျင့်ဝတ်တွေကို လေးစားလိုက်နာမှု မရှိခဲ့ဘူးဆိုတဲ့ အစ္စရေးဖက်က စွပ်စွဲချက်ကိုလည်း Al Jazeeraက ပြတ်ပြတ်သားသား ငြင်းပယ်သွားခဲ့ပါတယ်။

Al Jazeera သတင်းဌာန ရုံးခန်းကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေ စီးနင်း
Al Jazeera သတင်းဌာန ရုံးခန်းကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေ စီးနင်း

ပြည်တွင်း ထုတ်ဝေခွင့် လိုင်စင်ကို ပိတ်သိမ်းလိုက်ပြီးတဲ့နောက် Al Jazeera သတင်းဌာန ရုံးခန်းကို အစ္စရေး လုံခြုံရေး တပ်တွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အစ္စရေးမှာ Al Jazeera သတင်းဌာနကို ပိတ်သိမ်းစေဖို့ သူဦးဆောင်တဲ့ အစိုးရက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက် မေလ ၅ ရက်နေ့မှာ ကာတာ အခြေစိုက် သတင်းဌာနရဲ့ အစ္စရေးရုံးခွဲ အဆောက်အအုံကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်း ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

Al Jazeeraကတော့ ရုံးခန်းကို ဝင်ရောက်စီးနင်းတဲ့ လုပ်ရပ်ဟာ ရာဇဝတ်မှု တစ်ခုလို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ Al Jazeeraဟာ ဂါဇာစစ်ပွဲမှာ အစ္စရေးအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ရပ်တည်ခဲ့တဲ့ သတင်းဌာန တစ်ခု ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ်ရဲ့ အာရပ်ကမ္ဘာဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ အော့ဖာ ဂန်ဒဲလ်မန်းက Al Jazeeraကို ပိတ်သိမ်းစေမယ့် အစီအစဉ်ဟာ ချက်ချင်း အကောင်အထည် ဖော်ရမယ့် ကိစ္စမျိုးလို့ Xမှာ ရေးသားခဲ့ပါတယ်။ Al Jazeeraဟာ လုပ်ကြံဖန်တီးမှုတွေ ရောယှက်ထားတဲ့ သတင်းတွေကို အစဉ်တစိုက် ထုတ်လွှင့်နေခဲ့ကြောင်း၊ Al Jazeeraကို သတင်းဌာန အဖြစ်သာ မကဘဲ ရုပ်မြင်သံကြား ထုတ်လွှင့်မှု ကုမ္ပဏီ တစ်ခုအဖြစ် လက်ခံထားခြင်းကနေပါ ရုပ်သိမ်းမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဆက်သွယ်ရေး ဝန်ကြီးဌာနကလည်း Al Jazeeraရဲ့ အစ္စရေး ရုံးခွဲကို ပိတ်သိမ်းစေပြီး ဆက်သွယ်ရေး ကိရိယာတွေကို သိမ်းယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ Al Jazeera ဆက်လက် လည်ပတ်နိုင်အောင် ကူညီပေးနေတဲ့ အစ္စရေး ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေကိုလည်း ရပ်တန့်ဖို့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဂျေရုဆလင်မှာရှိတဲ့ Al Jazeera ရုံးခွဲကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စီးနင်းခဲ့တာ ဖြစ်ပါတယ်။

Al Jazeeraကတော့ အစ္စရေးရဲ့ လုပ်ရပ်ဟာ အခြေခံ လူ့အခွင့်အရေး တစ်ရပ်ဖြစ်တဲ့ လွတ်လပ်စွာ သတင်းရယူခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ဝေဖန်ခဲ့ပါတယ်။ အစ္စရေးရဲ့ ဖိနှိပ်မှုတွေကြောင့် Al Jazeeraရဲ့ သတင်းကျင့်ဝတ်နဲ့ အားထုတ်မှုတွေကို ဟန့်တားနိုင်မှာ မဟုတ်ကြောင်း၊ ဂါဇာ စစ်ပွဲတလျှောက် ပါလက်စတိုင်း သတင်းသမား ၁၄၀ ကျော်လောက်ဟာ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရင်း အသက်စွန့်ခဲ့ပြီး ဖြစ်သလို ဂျာနယ်လစ်တွေရဲ့ ယုံကြည်ချက်ကို ဘယ်နည်းနဲ့မှ ဟန့်တားနိုင်မှာ မဟုတ်ကြောင်း သတင်းဌာနဖက်က ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပြီး သတင်းမီဒီယာ ကျင့်ဝတ်တွေကို လေးစားလိုက်နာမှု မရှိခဲ့ဘူးဆိုတဲ့ အစ္စရေးဖက်က စွပ်စွဲချက်ကိုလည်း Al Jazeeraက ပြတ်ပြတ်သားသား ငြင်းပယ်သွားခဲ့ပါတယ်။

နိုင်ငံတော် လုံခြုံရေးကို ထိပါးစေတယ်လို့ ယူဆရတဲ့ နိုင်ငံခြား ရုပ်မြင်သံကြားနဲ့ သတင်းကွန်ရက်တွေကို အစိုးရ အာဏာသုံးပြီး ပိတ်ပင်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေကို အတည်ပြုခဲ့ပြီး ကတည်းက အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက Al Jazeeraအပေါ် ပစ်မှတ်ထားလာခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။