Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စမ်းသပ်ဆဲ ဒုံးကျည်ပစ်လွှတ်မှု စနစ်သစ်ကို အခုနှစ်မှာ စတင်အသုံးပြုဖို့ ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားကတော့ လက်နက် စမ်းသပ်မှုကို ကင်မ်က စောင့်ကြည့်နေပုံ အပါအဝင် မှတ်တမ်းဓာတ်ပုံ တချို့ကို ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

စမ်းသပ်ဆဲ ဒုံးကျည်ပစ်လွှတ်မှု စနစ်သစ်ကို အခုနှစ်မှာ စတင်အသုံးပြုဖို့ ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားပြော
စမ်းသပ်ဆဲ ဒုံးကျည်ပစ်လွှတ်မှု စနစ်သစ်ကို အခုနှစ်မှာ စတင်အသုံးပြုဖို့ ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားပြော

အသစ်တီထွင် တည်ဆောက်နေတဲ့ ဒုံးကျည် ပစ်လွှတ် စနစ်ကို ဒီနှစ်ထဲမှာ စစ်တပ်ထဲ လက်တွေ့စတင် အသုံးပြုစေမယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

၂၄၀ မမ အတွဲလိုက် ဒုံးကျည်ပစ်လွှတ်မှု စနစ်တစ်ခုကို မြောက်ကိုရီးယားက တီထွင်နေပြီး နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် အဲဒီလက်နက်စနစ် စမ်းသပ်မှုတွေကို သွားရောက် စစ်ဆေး ကြည့်ရှုတာတွေ ရှိခဲ့ပါတယ်။ အခု စနစ်ဟာ မြောက်ကိုရီးယားရဲ့ လက်နက်တိုက်ထဲမှာ အတွဲလိုက် ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ အကြီးဆုံး လက်နက် ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

မေလ ၁၁ ရက်နေ့မှာတော့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းစာက အခုနှစ်ထဲမှာ ဒုံးကျည်ပစ်လွှတ် စနစ်သစ်ကို လက်တွေ့ စတင် အသုံးပြုနိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ပြီး စစ်တပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို သိသိသာသာ မြှင့်တင်သွားစေနိုင်မယ်လို့ ကြေညာခဲ့ပါတယ်။

ကင်မ်ဟာ နည်းပညာပိုင်း ဖြည့်တင်း အဆင့်မြှင့်ထားတဲ့ ဒုံးကျည်စနစ် လက်တွေ့ စမ်းသပ်မှုကို မေလ ၁၀ ရက်နေ့တုန်းကတစ်ကြိမ် ကိုယ်တိုင် စစ်ဆေး ကြည့်ရှုခဲ့သေးတယ်လို့ မြောက်ကိုရီးယား အာဏာပိုင် တချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီလတုန်းက KCNAရဲ့ ဖော်ပြချက်အရ အခု ဒုံးကျည်စနစ်သစ်ဟာ နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေ အပါအဝင် ပိုမိုစုံလင် အဆင့်မြင့်တဲ့ ဒုံးကျည် အမျိုးအစား အများအပြားကို တာဝန်ယူ ပစ်လွှတ်ပေးနိုင်မယ်လို့ သိရပါတယ်။

အဲဒီဒုံးကျည်စနစ်ကို ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်အတွင်း ရှိရင်းစွဲ ဒုံးကျည် ပစ်လွှတ်မှု စနစ်ဟောင်းတွေရဲ့ နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် အစားထိုးဖို့ မြောက်ကိုရီးယားက ရည်ရွယ်ထားတယ်လို့ KCNAက ဆိုပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ မေလ ၁၀ ရက်နေ့မှာ မြောက်ကိုရီးယား ဒုံးကျည်စနစ်သစ် လက်တွေ့စမ်းသပ် ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းကို အတည်မပြုနိုင်ကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားကတော့ လက်နက် စမ်းသပ်မှုကို ကင်မ်က စောင့်ကြည့်နေပုံ အပါအဝင် မှတ်တမ်းဓာတ်ပုံ တချို့ကို ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: AP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားဟာ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့က သံရုံးတွေနဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်နဲ့ တရုတ်နိုင်ငံ ရှန်ယန်းမြို့က ကောင်စစ်ဝန်ရုံးတွေမှာ အကြမ်းဖက်မှု ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်ထားလိုက်ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။