Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် လျှို့ဝှက် ပေးပို့ခဲ့တဲ့ တာဝေးပစ် ဒုံးကျည်တွေကို စစ်မြေပြင်မှာ ယူကရိန်း စတင်အသုံးပြု

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

အမေရိကန် လျှို့ဝှက် ပေးပို့ခဲ့တဲ့ တာဝေးပစ် ဒုံးကျည်တွေကို စစ်မြေပြင်မှာ ယူကရိန်း စတင်အသုံးပြု
အမေရိကန် လျှို့ဝှက် ပေးပို့ခဲ့တဲ့ တာဝေးပစ် ဒုံးကျည်တွေကို စစ်မြေပြင်မှာ ယူကရိန်း စတင်အသုံးပြု

ယူကရိန်းဟာ အမေရိကန်က အစောပိုင်းမှာ သိုသိုသိပ်သိပ် ပို့ဆောင်ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို စစ်ပွဲအတွက် လက်တွေ့ အသုံးပြုနေပြီလို့ သိရပါတယ်။

အဲဒီ လက်နက်တွေဟာ မတ်လတုန်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ခွင့်ပြုခဲ့တဲ့ စစ်ရေးအထောက်အပံ့ ရန်ပုံငွေ ဒေါ်လာ သန်း ၃၀၀ ဖိုးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။ တာဝေးပစ် ဒုံးကျည်တွေဟာ အခုလ အစောပိုင်းမှာ ယူကရိန်းလက်ထဲ စတင်ရောက်ရှိပြီး အခုဆိုရင် ရုရှားတပ်တွေ သိမ်းပိုက်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်မှာ ယူကရိန်းက အနည်းဆုံး တစ်ကြိမ် လက်တွေ့ အသုံးချ တိုက်ခိုက်ခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန်ရဲ့ နာမည်မဖော်လိုတဲ့ စစ်ဘက် အရာရှိ တချို့က အတည်ပြုခဲ့ပါတယ်။

လောလောလတ်လတ် အနေနဲ့ အမေရိကန် လွှတ်တော်ဟာ ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ ၆၁ ဘီလီယံဖိုး စစ်ရေး အထောက်အပံ့သစ်တွေ ပို့ဆောင်မယ့် အစီအစဉ်ကို သဘောတူ ခွင့်ပြုပေးထားပြီး အဲဒီ အထောက်အပံ့တွေက လာမယ့် ရက်ပိုင်းအတွင်း ယူကရိန်းဆီ စတင်ရောက်ရှိတော့မှာ ဖြစ်တယ်လို့ ဘိုင်ဒန်က ပြောကြားထားပါတယ်။

အမေရိကန်ဟာ မူလတုန်းက ယူကရိန်းကို တာလတ်ပစ် ATACMS ဒုံးကျည်တွေ ထောက်ပံ့ ပေးပို့ခဲ့ဖူးပေမယ့် ပိုပြီး တာဝေး ပျံသန်းနိုင်တဲ့၊ ပိုပြီး ထိရောက် အားကောင်းတဲ့ ဒုံးကျည်တွေ ပံ့ပိုးဖို့ကိုတော့ တွန့်ဆုတ်နေခဲ့ပါတယ်။ အကြောင်းကတော့ အမေရိကန်ရဲ့ လက်နက်တိုက်ထဲကနေ ဒုံးကျည်တွေ ခွဲပေးလိုက်ရတဲ့အခါ အရေးကြုံလာရင် ကာကွယ်ရေး ကဏ္ဍအတွက် အသင့်ပြင်ဆင်နိုင်စွမ်း ထိခိုက်မှာကို ဘိုင်ဒန်က စိုးရိမ်ခဲ့တာကြောင့်ပါ။

Public Service Announcement

Public Service Announcement

ဒါပေမဲ့လည်း ဖေဖော်ဝါရီ လထဲမှာတော့ ဘိုင်ဒန်က ပိုပြီး တာဝေးပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ် တစ်ခုကို ယူကရိန်းဆီ ပို့ဆောင်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗီဒန့်ပက်တဲလ်ကလည်း သမ္မတရဲ့ ခွင့်ပြုချက်အရ ယူကရိန်းဆီ ပိုပြီး တာဝေးပစ်ခတ်နိုင်တဲ့ ATACMS ဒုံးကျည်တွေ ပို့ဆောင်ခဲ့ကြောင်း၊ ယူကရိန်းဖက်က မေတ္တာရပ်ခံမှုကြောင့် အဲဒီကိစ္စကို ကြိုတင် မထုတ်ပြန်ခဲ့တာဖြစ်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

လက်နက်စနစ်နဲ့ ဒုံးကျည် အရေအတွက် ဘယ်လောက်များများ ယူကရိန်းဆီ လွှဲပေးခဲ့သလဲ ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ်ဆူလီဗန်ကတော့ ယူကရိန်းဆီ နောက်ထပ် တာဝေးပစ် ဒုံးကျည်တွေ ဖြည့်တင်းပေးဖို့ စီစဉ်ထားကြောင်း ပြောကြားသွားပါတယ်။

ယူကရိန်းဟာ အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေထဲက အနည်းဆုံး တစ်စင်းကို ခရိုင်းမီးယားမှာရှိတဲ့ ရုရှား လေတပ်စခန်း တစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခိုက်ချိန်မှာ အသုံးပြုခဲ့တယ်လို့ အမည်မဖော်တဲ့ စစ်ဘက် အရာရှိ တစ်ဦးက ဆိုပါတယ်။ တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားဟာ ရှေ့တန်း စစ်မြေပြင်မှာ အသာစီး အခြေအနေတွေ ပြန်လည် ရယူလာနေပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီ စစ်ရေး အထောက်အပံ့တွေ အမြန်ဆုံး မရရှိရင် ကျူးကျော်သူ ရုရှားတပ်တွေ အောင်ပွဲရသွားနိုင်ကြောင်း သတိပေးထားပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။