close

ရိုဟင်ဂျာကိစ္စဖြေရှင်းရန် စစ်ကောင်စီ အချိန်တိုးတောင်းမှု ICJ ပယ်ချ

ဂမ်ဘီယာနိုင်ငံ၏ စွဲဆိုချက်များကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုရန် အချိန်မလုံလောက်ဟု အကြောင်းပြကာ စစ်ကောင်စီက အချိန် ၁၀ လ တိုးတောင်းသော်လည်း ပယ်ချခံရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီကိုယ်စား စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ဦးဆောင်၍ ICJ တရားရုံး၌ သွားရောက်ဖြေရှင်းခဲ့စဉ်။

ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အမှုရင်ဆိုင်နေရသည့် စစ်ကောင်စီက စွပ်စွဲချက်များ ဖြေရှင်းရေး အချိန် ၁၀ လ တိုးတောင်းခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခြင်းခံရကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံး၌ သွားရောက်ဖြေရှင်းခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ဦးဆောင်၍ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း တစ်ကြိမ်ဖြေရှင်းပြီး ဖြစ်သည်။ 

ဂမ်ဘီယာ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ စစ်ကောင်စီအနေဖြင့် ယခုလ ၂၄ ရက်နေ့ နောက်ဆုံးထားကာ ကန့်ကွက်လွှာတင်သွင်းရမည်ဖြစ်သည်။​

လာမည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှသာ ကန့်ကွက်လွှာတင်သွင်းလိုကြောင်း စစ်ကောင်စီက လျှောက်ထားခဲ့သော်လည်း ထိုတောင်းဆိုချက်ကို ပယ်ချကာ အချိန်တစ်လသာ တိုးပေးမည်ဟု ICJ တရားရုံးက ယခုလ ၆ ရက်တွင် ထုတ်ပြန်သည်။ ထို့ကြောင့် စစ်ကောင်စီအနေဖြင့် မေလ ၂၄ ရက်တွင် ကန့်ကွက်လွှာတင်သွင်းရမည်ဖြစ်သည်။

အချိန် ၁၀ လ တိုးတောင်းရာ၌ စစ်ကောင်စီ အကြောင်းပြသည့် ကိစ္စရပ်တစ်ခုမှာ ဂမ်ဘီယာနိုင်ငံ၏ စွဲဆိုချက်များကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုရန် အချိန်မလုံလောက်ဟူ၍ ဖြစ်သည်။

ထို့ပြင် တိုင်းရေးပြည်ရာများ၊ ရခိုင်ပြည်နယ်နှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်နေသည့် ရိုဟင်ဂျာများကို သက်သေခေါ်ရန် စီစဉ်နေသည့်ကိစ္စများကြောင့် အချိန်တိုးပေးစေလိုကြောင်း စစ်ကောင်စီက အကြောင်းပြထားကြောင်း ICJ ကြေညာချက်တွင် တွေ့ရသည်။ 

စစ်ကောင်စီ၏ အကြောင်းပြတောင်းဆိုမှုအပေါ် ဂမ်ဘီယာနိုင်ငံကလည်း ကန့်ကွက်ထားကာ ၂၀၂၀ ဇန်နဝါရီတွင် ICJ က ကြားဖြတ်အမိန့်ချပြီးကတည်းက မြန်မာဘက်က ဖြေရှင်းရန် အချိန်နှစ်နှစ်ကျော် ရပြီးဖြစ်သည်ဟု ဆိုသည်။ 

အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသည့် အကျိုးဆက်များကို ဆင်ခြေပေး၍ စစ်ကောင်စီက အချိန်တိုးတောင်းခြင်းသာဖြစ်ကြောင်း ဂမ်ဘီယာက ပြောသည်ဟုလည်း ICJ ကြေညာချက်က ဆိုသည်။

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် သွားရောက်ချေပရေးအတွက် ယခုနှစ် အစောပိုင်းတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို ခေါ်ယူစည်းရုံးခဲ့သည်။

“အရင်က ထွက်ဆိုခဲ့တဲ့အတိုင်းဆိုရင် မင်းတို့အတွက် အခက်အခဲရှိတယ်။ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးသွားတာလို့ ပြောလို့မရဘူးလားလို့ မေးတယ်” ဟု စစ်ကောင်စီတာဝန်ရှိသူများက ခေါ်ယူ မေးမြန်းခဲ့သည့် ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာရွာသားတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်က နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့တွင် အခြေစိုက်သည့် ICJ တရားရုံးက ကြားဖြတ်အမိန့်ချခဲ့ရာ၌ ရိုဟင်ဂျာတို့အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု မဖြစ်ပွားအောင် ကာကွယ်နိုင်မည့် လုပ်ဆောင်ချက်အားလုံးကို မြန်မာဘက်က လိုက်နာဆောင်ရွက်မည်ဟု ပါဝင်သည်။

ကြားဖြတ်အမိန့်အရ လိုက်နာရမည့် အချက်လေးချက်ရှိပြီး ‘ရိုဟင်ဂျာ’ တို့အား သတ်ဖြတ်ခြင်း၊ ရုပ်ပိုင်းစိတ်ပိုင်း ပြင်းထန်စွာထိခိုက်နာကျင်စေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေနိုင်မည့် ဘဝအခြေအနေသို့ ရောက်အောင် ကြံရွယ်လုပ်ဆောင်ခြင်း၊ ကလေးမွေးဖွားမှုကို တားမြစ်သည့် အစီအမံများ ချမှတ်ခြင်းဆိုသည့် ကျူးလွန်မှုများကို တားဆီးရမည်ဖြစ်သည်။

ထို့ပြင် လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်မမြောက် ဆုံးဖြတ်ရာတွင် သက်သေခံဝင်မည့် အရာများကို ဖျက်ဆီးခြင်းမပြုရန်နှင့် ‘ရိုဟင်ဂျာ’ တို့အား စစ်သားများက သတ်ဖြတ်ခြင်းကို ရပ်တန့်ရန် မြန်မာနိုင်ငံက ဆောင်ရွက်ရမည်ဟု ICJ ၏ ကြားဖြတ်အမိန့်က ဆိုထားသည်။ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်နှင့် အဖွဲ့ဝင် အစ္စလာမ်နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သည့် OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။