close

“မန္တလေးကျုံးဘေးမှာ အောင်ပွဲနဲ့အတူချီတက်ပြီး ဝင်လာမယ်”

မြန်မာပြည် မြောက်ပိုင်း တောင်တန်းတွေတည်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထံမှာ နှစ်၊ လ ချီပြီး စစ်ရေး လေ့ကျင့်ထားတဲ့ ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဟာ သူတို့ ရဲ့ ဇာတိတွေဖြစ်တဲ့ မြို့တွေ၊ ရွာတွေကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်ဖို့အတွက် အစွမ်းကုန် ပြင်ဆင်နေကြပါပြီ။

မြန်မာပြည် အလယ်ပိုင်းမှာတော့ မြန်မာမင်းဆက်ရဲ့ နောက်ဆုံး မင်းနေပြည်တော် တည်ရှိရာ မန္တလေးမြို့တော်နဲ့ နီးကပ်လာတဲ့အထိ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့တွေ စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ မန္တလေးမြို့ အနီးက နွားထိုးကြီး၊ မြင်းခြံ ၊မတ္တရာ ဒေသတွေမှာ ပြည်သူတော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပြောက်ကျား တိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းစစ်တပ်ဟာ တစ်နေ့တခြား ပိုမို အထိနာနေလို့သာ နေပါတယ်။

မန္တလေးမြို့ အနီးမှာ ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရသလို ရှမ်းပြည်နယ်နဲ့ မန္တလေး နယ်စပ်ကြားက တိုက်ပွဲတွေမှာလည်း အာဏာသိမ်း စစ်တပ်ဟာ အထိနာနေပါတယ်။ ရှမ်းပြည်နယ်နဲ့ မန္တလေးနယ်စပ်၊ နောင်ချိုမြို့အနီးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်တပ်က တပ်ရင်းမှုး၊ တပ်ခွဲမှုးတွေ အပါအဝင် ရန်သူ့တပ်သား ၁၀၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး မန္တလေး PDF စစ်ဦးစီးအဖွဲ့ဝင် ကိုမုန်တိုင်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

တောင်ငူထောင်ဖောက်ပြီး အောင်မြင်စွာ လွတ်မြောက်သူများမှာ စစ်သင်တန်းတက်ရောက်ပြီးသူများဖြစ်

တောင်ငူ အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်များကိုလုယူ ထွက်ပြေးနိုင်ခဲ့သည့် တပ်ဖွဲ့ဝင် ၁၀ဦးအနက် ၉ဦး တပ်ရင်းထံပြန်ရောက်ပြီဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံမှသိရသည်။

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်”

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။