close

ကောလင်းတိုက်ပွဲတွင် KIA က စေလွှတ်ထားသည့် PDF တပ်ရင်းမှူးအပါအဝင် ၉ ဦး သေဆုံး

တပ်ရင်းမှူး ဇော်ဆိုင်းနှင့် လက်ထောက်တစ်ဦးသည် စစ်ကောင်စီရှေ့ကင်းပုန်းနှင့် ထိပ်တိုက်တိုးကာ နှစ်ဦးလုံး ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

ကောလင်းခရိုင် PDF တပ်ရင်း (၁) ကို ကွပ်ကဲခဲ့သည့် တပ်ရင်းမှူး ဇော်ဆိုင်း။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စေလွှတ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကောလင်းခရိုင် PDF တပ်ရင်းမှူး အပါအဝင် ၉ ဦး သေဆုံးသည်ဟု သိရသည်။

ကောလင်းခရိုင် PDF တပ်ရင်းမှူးအဖြစ် တာဝန်ယူထားသူ ကိုဇော်ဆိုင်းဆိုသူနှင့် လက်ထောက်တစ်ဦးသည် ယခုလ ၂၆ ရက်က ကောလင်းမြို့နယ် ပေပင်ချောင်ရွာအနီး စစ်ကောင်စီရှေ့ကင်းပုန်းနှင့် ထိပ်တိုက်တိုးကာ နှစ်ဦးလုံး ပစ်သတ်ခံလိုက်ရသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းသူ လေးဦးက ဆိုသည်။

အသက် ၃၀ ကျော်အရွယ် ကိုဇော်ဆိုင်းမှာ ကောလင်းခရိုင်ရှိ PDF တပ်ရင်းကို ဦးဆောင်ရန် လွန်ခဲ့သည့် တစ်လကျော်က ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

“သူ့ရဲ့တပ်စိပ်တွေ ချထားတဲ့နေရာတွေကို သူကိုယ်တိုင် နယ်မြေဦးစီးဖို့ ထွက်သွားတာ။ (ရှေ့တန်း) လိုက်တဲ့အချိန်မှာ (ကောလင်းကို) ရောက်လာတာ တစ်လမပြည့်သေးတော့ နယ်မြေမကျွမ်းသေးတာရယ်၊ ရှေ့သွားချင်ဇော များနေတာကြောင့် ပက်ပင်းတိုးသွားပြီး ရင်ဆိုင်ရင်း ကျသွားတာ။ နှစ်ယောက်တည်းနဲ့ အဖွဲ့လိုက်ရင်ဆိုင်လိုက်ရတာ” ဟု ကောလင်း PDF နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

အခြားနီစပ်သူ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ကင်းမရှိလောက်ဘူး ယူဆပြီး အသစ်ရောက်လာတဲ့ ဒူချွန် (ကချင်တပ်ရင်းမှူး) နဲ့ သူ့လက်ထောက်တစ်ယောက်က ဆိုင်ကယ်နဲ့ ထွက်သွားလိုက်တာ။ ထွက်သွားပြီး မကြာခင်မှာပဲ ပစ်ခတ်သံတွေ ကြားလိုက်ရတာ” ဟု ပြောသည်။

တပ်ရင်းမှူး၏ ရုပ်အလောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးထားခဲ့ပြီး ကျန်ရုပ်အလောင်းကို ဖျက်ဆီးထားခဲ့ခြင်းမရှိဟု သိရသည်။

တပ်ရင်းမှူး ကိုဇော်ဆိုင်းနှင့် လက်ထောက်ဖြစ်သူ ပစ်သတ်ခံရသည့် ပေပင်ချောင်ရွာနှင့် နှစ်မိုင်အကွာ သဲကောရွာသို့ ရိက္ခာသွားရောက်ပို့ဆောင်သည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူနှင့် အခြားသူ ၆ ဦးတို့သည်လည်း ဧပြီ ၂၇ ရက်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည်။

ကားသုံးစီးဖြင့် ရိက္ခာသွားပို့စဉ် သဲကောရွာနှင့် တစ်မိုင်အကွာ၌ နံနက် ၅ နာရီခန့် အချိန်တွင် ပိတ်ဆို့ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ကန့်ဘလူခရိုင် PDF တပ်ရင်း (၂) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကိုယ့်လူတွေ ရှေ့မှာ ရှိတယ်ဆိုပြီးတော့ နားနေကြတာပေါ့၊ မနက်အစောကို စစ်ကြောင်းက အရှေ့က ထွက်လာပြီးတော့ သူတို့လမ်းကြောင်းနဲ့ ထိပ်တိုက်တိုးသွားတာ” 

ပိတ်ဆို့တိုက်ခိုက်ခံရစဉ် သေဆုံးခဲ့သည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူမှာ ဦးပန်းဆိုသူဖြစ်ကာ ကျန်သူများမှာ ကောလင်းမြို့နယ် ပကဖအဖွဲ့ဝင် ၅ ဦးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု သိရသည်။ ဦးပန်း၏ရုပ်အလောင်းကို စစ်တပ်က ကားတစ်စီးနှင့်အတူ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်ရုပ်အလောင်းများကို ဧပြီ ၂၇ ညနေပိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့သည်ဟု ဆိုသည်။

ဝန်းသိုနှင့် ကန့်ဘလူမြို့နယ်တို့ အင်အား ၁၀၀ နှင့် ၆၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းသည် ကောလင်းမြို့နယ် အရှေ့တောင်ပိုင်းရှိ ကျေးရွာများကို ယခုရက်ပိုင်းအတွင်း နေ့စဉ် စီးနင်းနေပြီး ထိုစစ်ကြောင်းများကို ကောလင်းနှင့် ကန့်ဘလူရှိ NUG လက်အောက်ခံ တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။