close

ပဲခူးတိုင်းအတွင်း စစ်ကောင်စီ ဗုံးကြဲ၊ ၃ ဦး သေ၊ ၃ ဦး ဒဏ်ရာရ

နေပြည်တော်၊ ရန်ကုန်နှင့် မိုင် ၁၀၀ ပတ်လည်သာ ခရီးရှိသည့် ပဲခူးတိုင်း၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ နယ်မြေကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည်။

စစ်ရေးပြနေသည့် စစ်ကောင်စီ တိုက်လေယာဉ်များကို ၂၀၁၅ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

(သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ​ ဓာတ်ပုံများ ပါဝင်သည်)

ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေအတွင်းရှိ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှ ကျေးရွာနှစ်ရွာကို ယမန်နေ့ (မေ ၂) တွင် စစ်ကောင်စီက တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲခဲ့ရာ ဒေသခံ ၃ ဦး သေ၍ ၃ ဦး ဒဏ်ရာရသွားသည်။

နိုင်ငံအနှံ့တွင် လေကြောင်းစစ်ဆင်မှုများ တရစပ်လုပ်နေသည့် စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်နှင့် မိုင် ၁၀၀ ဝန်းကျင်ခရီးရှိ ပဲခူးတိုင်း ထန်းတပင်မြို့နယ်အတွင်း ယမန်နေ့ ညနေ ၆ နာရီခန့်က ပထမဆုံးအကြိမ် လေယာဉ်သုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တောင်းမြစ်အနောက်ဘက်ကမ်း ကရင်ပြည်နယ် နယ်စပ် ပဲခူးရိုးမအနီးတွင် ရွာနီးချုပ်စပ်အဖြစ် တည်ရှိသည့် သရက်တန်းနှင့် ကျွဲလမ်း ကျေးရွာတို့မှာ စစ်ကောင်စီ၏ လေကြောင်းပစ်မှတ်ဖြစ်ခဲ့ရသည်။ ကျွဲလမ်းရွာမှ အသက် ၃၀ အရွယ် ကိုရဲစိုးအောင်၊ အသက် ၂၂ နှစ် ဝန်းကျင်ရှိ မစုလှိုင်အေးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် အသက် ၃၀ အရွယ် မလဲ့လဲ့ခိုင်မှာ ညပိုင်းတွင် ကွယ်လွန်သွားသည်ဟု ထိုဒေသတွင် အခြေစိုက်သည့် တော်လှန်ရေးအဖွဲ့ဝင်နှင့် ဒေသခံအချို့ထံမှ သိရသည်။

ဒဏ်ရာရသူ ၃ ဦးတွင် သရက်တန်းကျေးရွာမှ အသက် ၁၂ နှစ်အရွယ် မပိုးအိသိမ့်၊ ကျွဲလမ်းကျေးရွာမှ အသက် ၂၂ နှစ်အရွယ် မောင်ထွန်းဝင်းနှင့် အသက် ၅၅ နှစ်အရွယ် ဦးညွှန့်မောင်တို့ ဖြစ်ကြသည်။ 

ထန်းတပင်မြို့ တောင်ဘက် ၁၆ မိုင်ကျော်အကွာ၊ သရက်တန်းနှင့် ကျွဲလမ်းအနောက်ဘက်ကပ်လျက် အိမ်ခြေ ၄၀၀ နီးပါးရှိ ဘုမ္မတီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းအနီး ထိုနေ့ ညနေ ၅ နာရီခန့်က ပစ်ခတ်မှုဖြစ်ပြီးနောက် တစ်နာရီဝန်းကျင်တွင် တိုက်လေယာဉ်များ ရောက်လာသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ပထမတစ်စီးနဲ့ (ဗုံး) ကြဲချသွားပြီးတော့ နောက်တစ်စီးက စက်သေနတ်နဲ့ ပတ်ပစ်သွားတာ။”

စစ်ကောင်စီ ဗုံးကြဲခဲ့သည့် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှ ကျေးရွာနှစ်ရွာ အခြေပြမြေပုံ။

Myanmar Now က ကြည့်ရှုခွင့်ရသည့် ရုပ်သံဖိုင်တစ်ခုထဲတွင် တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ထိမှန် ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားရသည်။ စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးဦး ရိုက်ကူးထားသည်ဟု ယူဆရသည့် ထိုရုပ်သံအတွင်း ပစ်ခတ်သည့် နေရာအနီးတစ်ဝိုက်တွင် တော်လှန်ရေးသမားများ ရှိကြောင်း ပြောကြားမှုအချို့ ပါဝင်သည်။

KNU၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် စစ်ကောင်စီတို့ထံမှ အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တုံ့ပြန်ချက်တစ်စုံတစ်ရာ မရသေးပေ။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရချိန်၊ မြေပြင်တပ်များ အထိနာနေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ ခုခံရန် မစွမ်းသာသည့် လေကြောင်းကို စစ်ကောင်စီက အားပြု စစ်ဆင်နေရာ အရပ်သားထိခိုက်သေဆုံးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပဇီကြီးရွာကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စုစုပေါင်း လူ ၁၆၀ ကျော် သေဆုံးသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။