close

ဘောလခဲတွင် ဗုံးကြဲခံရပြီး အမျိုးသမီးငယ်တစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ

စောလုံကျေးရွာကို စစ်ကောင်စီတပ်က နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက်ကြီးပိုင်း အမျိုးသား (၄) ဦး ဒဏ်ရာရသွားသည်။

စစ်ကောင်စီတပ် ဗုံးကြဲခြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို တွေ့ရစဉ်။

ကယားပြည်နယ်၊ ဘောလခဲမြို့နယ် အရှေ့မြောက်ဘက်ရှိ စောလုံကျေးရွာကို ယနေ့ (မေ ၁၇) နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရသွားသည်။

နံနက် ၄ နာရီ မိနစ် ၂၀ ခန့်တွင် ဂျက်တိုက်လေယာဉ်ဖြင့် စောလုံကျေးရွာကို နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့ခြင်းဖြစ်ကာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား ၄ ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“ဗုံးနှစ်လုံးကြဲတယ်၊ ဒါပေမဲ့ ကြဲတဲ့အချိန်မှာ ရွာသားတွေကလည်း နီးစပ်ရာတောထဲကို ပြေးနေကြတာဆိုတော့ ပြီးတော့ ညမှောင်နေချိန်ဆိုတော့ လေယာဉ်က တစ်စီးတည်းလား နှစ်စီးလားတော့ မသိဘူး” ဟု ဘောလခဲ-PDF အဖွဲ့၏ တပ်ရင်း (၁၁၀၅) မှ ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။

“အဲဒီအနီးအနား ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တာဆိုတာလည်း မရှိဘူး၊ ထူးခြားမှုဖြစ်စဉ်ဆိုတာလည်း မရှိဘူးဗျ။ ဘာမှ ထူးခြားမှုမဖြစ်ဘဲ ဒီနေ့မနက်မှပဲ ဒီလိုအသံကြားတာ”

ဗုံးကြံတိုက်ခိုက်ခံရသဖြင့် ကျေးရွာဆေးပေးခန်းရှိ အဆောက်အအုံ ၂ လုံးနှင့် လူနေအိမ် ၆ လုံး ပျက်စီးခဲ့ကာ ဘုန်းကြီးကျောင်းတစ်ကျောင်း အနည်းငယ် ထိခိုက်ပျက်စီးပြီး ကျွဲ၊ နွား စသည့် အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးသည်ဟု သိရသည်။

စောလုံရွာသည် ဘောလခဲမြို့နယ် အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်ခန့်အကွာ သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် ရှိပြီး အိမ်ခြေ ၅၀ ကျော်သာ ရှိသည့် ရွာငယ်လေးတစ်ရွာဖြစ်သည်။

စစ်ကောင်စီ ဗုံးကြဲခြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များ။

အရပ်သားကျေးရွာများကို စစ်ကောင်စီတပ်က ပစ်မှတ်ထားတိုက်ခိုက်မှုသည် ဘောလခဲမြို့နယ်အတွင်း သုံးကြိမ်မြောက်ဖြစ်သည်။ ယခုနှစ် ဧပြီလက သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ သစ်ထုတ်လုပ်ရေးစခန်းတစ်ခုနှင့် ယခု ဗုံးကြဲခံရသည့် စောလုံးရွာအနီးရှိ ဟော့ဟိုင်းရွာတို့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ပေ။

ယခုလ ၉ ရက်တွင် ဘောလခဲမြို့ အရှေ့ဘက် ၁၂ မိုင်ကုန်းနှင့် ဝမ်မလန်းရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) B/21 နှင့် ကရင်နီတပ်မတော် (KA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိသည်ဟု သိရသည်။

ယင်းမတိုင်မီ ရက်အနည်းငယ်ကလည်း ဘောလခဲမြို့နယ်ရှိ ပွန်ချောင်းအရှေ့ဘက်ခြမ်း တံတားသစ်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဘောလခဲ-PDF က တိုက်ခိုက်ခဲ့သည်။

ဘောလခဲမြို့နယ်သည် စစ်ကောင်စီတပ်၏ ဗျူဟာစခန်းအခြေချရာ တပ်မြို့နယ်တစ်ခုဖြစ်ပြီး တပ်ရင်းအနေဖြင့် ခမရ ၄၃၀၊ ခမရ ၄၂၉ နှင့် ခမရ ၄၃၇ တို့အပြင် ထောက်ပို့ရေးတပ်များလည်း တပ်စွဲထားသည်။

“ဒေါတမကြီး ဒေါညှင်းခူဘက်ကို စစ်ကြောင်းထိုးတုန်းကတော့ လဲချားက ခမရ ၅၁၅ က စစ်ကူရောက်လာတယ်ပေါ့ဗျာ။ အဲဒါပြီးတော့ ၅ လပိုင်းမှာ မြို့ထဲ ဝင်တိုက်တော့ ၅၁၅ က စစ်ကူတွေကို ကျွန်တော်တို့ဘက် ပြန်ပို့လာတယ်လို့ ကြားရတယ်ဗျ” ဟု ဘောလခဲ-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လတ်တလောတွင် ဘောလခဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေဆဲဖြစ်သည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးဒေသများတွင် ကရင်နီပြည်နယ်သည် တိုက်ပွဲအပြင်းထန်ဆုံးဒေသဟုပင် ဆိုနိုင်သည်။

ကရင်နီပြည်နယ်တစ်ခုလုံးနီးပါးတွင် စစ်ကောင်စီတပ်ကို KNDF, KA၊ မြို့နယ်အလိုက် PDF များနှင့် အခြားအဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။