close

စစ်တပ်အရာရှိဟောင်းများ နေထိုင်ရာ နေပြည်တော် ဥတ္တရသီရိတွင် ပေါက်ကွဲမှုဖြစ်

တော်လှန်ရေးအဖွဲ့နှစ်ဖွဲ့ ပေါင်း၍ ရာဇသင်္ဂဟလမ်းမကြီးနှင့် သီရိမဏ္ဍိုင်လမ်းဆုံ မီးပွိုင့်တွင် ရှိသည့် ရဲကင်းကို လက်ပစ်ဗုံး၊ သေနတ်တို့ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက လွှတ်တော်အမတ်များ တည်းခိုနေထိုင်သည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာကို တွေ့ရစဉ်။ ဓာတ်ပုံ - EPA

စစ်တပ်အငြိမ်းစားအရာရှိကြီးများနှင့် အစိုးရဌာနဆိုင်ရာ အကြီးအကဲဟောင်းများ နေထိုင်သည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ရဲကင်းကို ယမန်နေ့ (မေ ၃) ည ၇ နာရီခန့်တွင် တော်လှန်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်။

ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးနှင့် သီရိမဏ္ဍိုင်လမ်းဆုံ မီးပွိုင့်တွင် ရှိသည့် ရဲကင်းကို စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) နှင့် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လက်ပစ်ဗုံး၊ သေနတ်တို့ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“လက်ဗစ်ဗုံးနဲ့ ပစ်တယ်၊ 9mm ပစ္စတိုနဲ့ ပစ်ခတ်ခဲ့တယ်။ ရဲ…တွေဘက်က နှစ်ချက် ပြန်ပစ်ပါတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်‌ ခြေထောက်ကျည်ဖောက်ဝင်ဒဏ်ရာရခဲ့လို့ ဆေးကုသမှု ခံယူခဲ့ရပါတယ်” ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်မှ ရဲ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရသည်ဟု ၎င်းက ဆက်ပြောသည်။ Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် ရဲမှတ်တမ်းတွင်မူ ရဲတစ်ဦး ဝဲဘက်နံကြားနှင့် လက်မောင်းတို့တွင် ဗုံးစထိမှန် ဒဏ်ရာရပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု ရေးသားထားသည်။

“သေတာတော့ မရှိဘူး၊ သုံးဦး ဒဏ်ရာရတယ် ပြောတယ်။ ဖြစ်တဲ့နေရာမှာ ဒီမနက်လည်း လုံခြုံရေးက ပုံမှန်ပဲ” ဟု ထိုနေရာသို့ ယနေ့ (မေ ၄) နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် ရဲကင်းစခန်းအနီးတွင် ဥတ္တရသီရိဆေးရုံ၊ အရိုးအကြောအထူးကုဆေးရုံတို့ ရှိသည်။ ဥတ္တရသီရိမြို့နယ်တွင် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် အစိုးရဌာနဆိုင်ရာ အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ နေထိုင်သည့် ရာဇသင်္ဂဟအိမ်ရာ ၁ နှင့် ၂ တို့ တည်ရှိပြီး စစ်ကောင်စီက လုံခြုံရေး အထူးတင်းကျပ်ထားသည့် နေရာဖြစ်သည်။

“လုံခြုံရေး ဘယ်လောက်တင်းကျပ်၊ တင်းကျပ် စစ်ကောင်စီရဲ့ ဒေါက်တိုင်လုပ်နေတဲ့ ရဲတွေ စစ်သားတွေ ဘယ်တော့မှ မလုံခြုံဘူးဆိုတာ နေပြည်တော်ဗုံးပေါက်တဲ့ ဖြစ်စဉ်တွေက ပြသနေတာပဲ” ဟု နေပြည်တော်ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ လမ်းဆုံ၊ လမ်းခွတိုင်းတွင် သဲအိတ်၊ ဘန်ကာများ ချ၊ ကတုတ်ကျင်းများ တူး၍ လုံခြုံရေးအပြည့်ချထားသော်လည်း တော်လှန်ရေးအဖွဲ့တို့၏ တိုက်ခိုက်မှုကို မကြာခဏ တွေ့နေရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းပိုင်းကလည်း နေပြည်တော်မြို့အတွင်း သုံးရက်ဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။ ထို့အတူ နေပြည်တော်အရှေ့တောင်ဘက်ရှိ လယ်ဝေးမြို့နယ်အခြေစိုက် အမှတ် (၆၀၄) ခြေမြန်တပ်ရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မတ် ၁၃ ရက် ည ၇ နာရီခန့်တွင် တာဝေးပစ်လက်နက်ကြီး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာသည်အထိ နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေဆဲဖြစ်ရာ မြို့နယ်စုစုပေါင်း၏ ထက်ဝက်နီးပါးကို အပြည့်အဝ မအုပ်ချုပ်နိုင်ဟု ဇန်နဝါရီလကုန်တွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။