close

နေပြည်တော်တွင် ပိုင်ရာဆိုင်ရာနှင့် ငွေပေးနိုင်သူများ လျှပ်စစ်မီး ပုံမှန်ရနေ

စစ်တပ်က အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပုံမှန်မရ၍ နိုင်ငံတစ်ဝန်း နေရေး၊ စားရေး၊ စီးပွားရေး၊ ပညာရေး အခက်အခဲမျိုးစုံ တွေ့နေချိန်တွင် နေပြည်တော်၌ အခွင့်ထူးခံများ ဟန်မပျက်ရှိနေကြသည်။

နေပြည်တော် သပြေကုန်းအဝိုင်းအနီး အပန်းဖြေနေသူအချို့ကို ၂၀၂၂ နှစ်ကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Myanmar Now

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် လျှပ်စစ်မီး ပုံမှန်မရသည့် ဒုက္ခမှ နေပြည်တော်ရှိ စစ်တပ်အာဏာပိုင်အဟောင်းနှင့် အသစ်များ၊ ဝန်ကြီးဌာနနှင့် တပ်ဧရိယာများ၊ ဝန်ထမ်းအိမ်ရာများ၊ ငွေပေးနိုင်သူများ ကင်းလွတ်နေကြောင်း စုံစမ်းသိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်ရုံးချုပ်တည်ရှိရာ ဇေယျာသီရိမြို့နယ်မှ စစ်ရုံးချုပ်နှင့် တပ်ပိုင်နေရာများ၊ အာဏာရှင်ဟောင်း ဦးသန်းရွှေအပါအဝင် စစ်တပ်ခေါင်းဆောင်ဟောင်းများ နေထိုင်ရာ အိမ်ရာ၊ ဌာနဆိုင်ရာ အသိုင်းအဝိုင်းနှင့် သက်ဆိုင်သည့်နေရာများ လျှပ်စစ်မီး ပြတ်တောက်ခြင်း မရှိပေ။

ထိုနေရာများသို့ ပုံမှန်ဖြန့်ဖြူးနေသည့် မီးလိုင်းဖြတ်သန်းရာ ရပ်ကွက်များတွင်လည်း မီးမပြတ်သလို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်ထမ်းများကို ငွေကျပ်ငါးသောင်းထက်မနည်းပေး၍ ပုံမှန် ဖြန့်ဖြူးနေသည့် မီးလိုင်းဖြင့် ချိတ်ဆက်သည့်စျေးကွက် ပေါ်ထွန်းနေသည်ဟုလည်း နေပြည်တော်တွင် နေထိုင်သူများထံမှ သိရသည်။

“နည်လမ်းက နှစ်မျိုးရှိတယ်။ မြို့နယ်လျှပ်စစ်လူကြီးနဲ့ သိတဲ့ လူတွေကတော့ လူကြီးအကန့်နဲ့ သူတို့အိမ်ကို မီးလာအောင်လုပ်ခိုင်းတယ်။ အချို့ကတော့ အောက်‌ခြေမှာ အလုပ်လုပ်နေတဲ့ လျှပ်စစ်ဝန်ထမ်းတွေနဲ့ ချိတ်ပြီး ပိုက်ဆံပေးပြီး မီးရအောင်လုပ်ခိုင်းတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် လျှပ်စစ်ဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်း ခြောက်ဦးနေထိုင်သော အိမ်ရာကို သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းဖြတ်သန်းရာ ပျဉ်းမနားခရိုင်တရားရုံးရှေ့ အောင်သု‌ခရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကလည်း ကံကောင်းထောက်မစွာဖြင့် တစ်နိုင်ငံလုံး အခက်တွေ့နေသည့် လျှပ်စစ်မီးဒုက္ခမှ ကင်းလွတ်နေသည်မှာ မှန်ကန်ကြောင်း ပြောသည်။

လုံခြုံရေးအရ ကိုယ်ရေးအချက်အလက် ထုတ်မပြောလိုသည့် တပ်မိသားစုဝင်တစ်ဦးကလည်း “ကျွန်တော်တို့တပ်ထဲမှာ မီးပြတ်တယ်ဆိုတာ ဘာမှန်းမသိဘူး” ဟု ဆိုသည်။

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင်မူ ရုံးတက်ချိန်များတွင်သာ ရံဖန်ရံခါ မီးပြတ်လေ့ရှိသည် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။

“ကျွန်မတို့ ရုံးသွားတဲ့အချိန်ဆိုရင် မီးခဏတော့ ပြတ်တယ်။ မိနစ်ပိုင်းလောက်ပါပဲ။ ကျန်တဲ့အချိန်ကတော့ မီးလာတယ်၊ ဝန်ထမ်းအိမ်ရာဘက်တွေက၊ ဝန်ကြီးဌာနတွေမှာတော့ မီးလုံးဝမပြတ်ဘူး” ဟု အရာထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ရှိ မြို့နယ်ရှစ်ခုစလုံးတွင် တစ်နိုင်ငံလုံးနည်းတူ အလှည့်ကျစနစ်ဖြင့်သာ မီးပေးမည်ဟု မတ်လဆန်းပိုင်းကတည်းက ထုတ်ပြန်ထားသည်။ လျှပ်စစ်မီးမရ၍ နေပြည်တော်နှင့် နိုင်ငံတစ်ဝန်းရှိ သာမန်ပြည်သူများ နေရေး၊ စားရေး၊ စီးပွားရေး၊ ပညာသင်ကြားရေး အခက်အခဲမျိုးစုံ တွေ့နေသည်။

“သူတို့လက်အောက်မှာ လုပ်နေတဲ့ ဝန်ထမ်းတွေကို ပျော်အောင်ထားတဲ့ပုံစံပါပဲ။ ပြည်သူတွေဘဝကတော့ ဖြစ်ချင်သလိုဖြစ်ပေါ့။ (တစ်နိုင်ငံလုံးမှာ) လူသတ် မီးရှို့လုပ်နေတဲ့ စစ်တပ်က ပြည်သူ မီးမလာတာလောက်တော့ ခေါင်းထဲ ဘယ်ရှိမလဲဗျ” ဟု နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

လွန်ခဲ့သော နှစ်နှစ်ကျော်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားကာ လုံခြုံရေး၊ စီးပွားရေး ကမောက်ကမဖြစ်နေချိန်တွင် ပြည်သူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးကိုပင် စစ်ကောင်စီက ပုံမှန်မပေးနိုင်ဖြစ်နေသည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။