close

ကွန်မန်ဒိုသင်တန်းမှာ PDF တွေ ဘယ်လိုလေ့ကျင့်နေကြသလဲ

ပြင်းထန်သည့် လေ့ကျင့်ခန်းများစွာဖြင့် တစ်နှစ်နီးပါးကြာ အချိန်ယူလေ့ကျင့်ထားသော ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်အချို့သည် ယခုအခါ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များဖြစ်လာပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

သင်တန်းနည်းပြ ၁၀ဦး ကွပ်ကဲသည့် ကွန်မန်ဒိုသင်တန်းတွင် နိုင်ငံခြားသား ပညာရှင် နည်းပြတစ်ဦး ပါဝင်သည်၊ မြို့သိမ်းတိုက်ပွဲများအတွက် အဓိက လေ့ကျင့်ပေးထားသည်ဟု ထိုသင်တန်းကို ပြီးမြောက်ထားသူ အထူးစစ်ဆင်ရေးတပ်ရင်းမှ တပ်ခွဲမှူး Shaw က ပြောသည်။

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်”

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။