close

မိုခါမုန်တိုင်းကြောင့် မကွေးတိုင်းမှာလည်း နေအိမ်များ ရေမြုပ်

မိုခါမုန်တိုင်း ဖြတ်သန်းဝင်ရောက်ချိန် မေလ ၁၄ ရက်နေ့ ညနေပိုင်းက မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့နယ်တို့တွင် တစ်ထပ်အိမ်များ မြုပ်သည်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး စလင်းချောင်း ရေလျှံမှုကြောင့် မြေနိမ့်ပိုင်းရှိ ဆင်ဖြူကျွန်းဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရသည်ဟု ဒေသတွင်းအခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်”

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။