close

မြန်မာမှ လူ့အခွင့်အရေးချိုးဖောက်မှုများ သည်းခံနိုင်စရာမရှိဟု အင်ဒိုသမ္မတပြော

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ထွန်းကားရန် အာဆီယံအဖွဲ့ကြီးက ဆက်လက် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိ မြန်မာ့ပဋိပက္ခထဲတွင် ပါဝင်နေသူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်းလည်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဆိုသည်။

အာဆီယံထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို။ (ဓာတ်ပုံ​ - EPA)

စစ်အုပ်ချုပ်ရေးအောက် ရောက်နေသည့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်များနှင့် ပတ်သက်၍  သည်းခံခွင့်လွှတ်၍မရကြောင်း၊ အကြမ်းဖက်မှုများကို ရပ်တန်းက ရပ်ပြီး ပြည်သူလူထုကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း ယနေ့ ပြီးဆုံးသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ခေါင်းဆောင်များညီလာခံတွင် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်သည်။

အာဆီယံအသင်းကြီးတွင် အဖွဲ့ဝင်ဖြစ်သော်လည်း မြန်မာနိုင်ငံမှ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်များက ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်းမရှိပေ။ ယခုလ ၉ ရက်က စတင်သည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအဝေးမှာ ယနေ့ (မေ ၁၁) ပြီးဆုံးခဲ့သည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးနီးရှားနိုင်ငံခေါင်းဆောင် ဂျိုကိုဝီဒိုဒိုက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ထွန်းကားရန် အာဆီယံအဖွဲ့ကြီးက ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိ မြန်မာ့ပဋိပက္ခထဲတွင် ပါဝင်နေသူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်းလည်း ပြောကြားသည်။

သို့ရာတွင် ယခုကဲ့သို့ ချဉ်းကပ်မှုမှာ စစ်ကောင်စီ သို့မဟုတ် ၎င်းကို တော်လှန်နေသည့် အဖွဲ့တစ်ဖွဲ့ကို အသိအမှတ်ပြုခြင်း၊ အားပေးထောက်ခံခြင်းဟူ၍ မမှတ်ယူရန်လည်း ဂျိုကိုဝီဒိုဒိုက သတိပေးသည်။

“လူ့သားတွေအားလုံးရဲ့ အရေးကို ရှေးရှုပြီး စစ်ကောင်စီကိုရော တစ်ခြားသက်ဆိုင်သူအားလုံး ဘယ်သူ့ကိုမဆို အင်ဒိုနီးရှားက စကားပြောဖို့အသင့်ပါပဲ”

အာဏာသိမ်းအပြီး မကြာမီ စစ်ကောင်စီ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ခေါ်ယူတွေ့ဆုံ၍ အာဆီယံခေါင်းဆောင်များ သဘောတူချမှတ်ခဲ့သော အချက် ၅ ချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးမှုများ ပြုလုပ်ရန်ဟူသော အချက်များ ပါရှိခဲ့သည်။

လွန်ခဲ့သော ဧပြီလ ၂၄ ရက်နေ့သည် ထိုအာဆီယံတူညီဆန္ဒ ၅ ရပ် အကောင်အထည်မဖော်နိုင်သည့် နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။

အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ရာ၌ တိုးတက်မှုတစ်စုံတစ်ရာ မရှိသော်လည်း အာဆီယံအနေဖြင့် မြန်မာ့အရေးကို လက်လျှော့သွားမည်မဟုတ်ကြောင်းလည်း အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ထုတ်ဖော်ပြောဆိုသည်။

တူညီဆန္ဒ ၅ ရပ်နှင့် ပတ်သက်၍ မအောင်မမြင်ဖြစ်ရခြင်းမှာ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိသောကြောင့်ဖြစ်သည်ဟု အာဆီယံထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအချို့က ထုတ်ဖော်ပြောဆိုကြသည်။

သို့သော် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအနေဖြင့် ချဉ်းကပ်ပုံ ပြောင်းလဲသင့်ကြောင်း၊ ယခုထက် ပိုမိုဆောင်ရွက်သင့်ကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော် အချိန်ကာလအတွင်း အာဏာသိမ်းစစ်တပ်၏ နေ့စဉ် အကြမ်းဖက်သတ်ဖြတ်များကြောင့် နေရပ်စွန့်ခွာ၍ အသက်လု ထွက်ပြေးနေရသည့် ပြည်သူအရေအတွက်မှာ ၁ ဒသမ ၈ သန်းအထိ မြင့်တက်လာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။