close

အလုပ်မဖြစ်သည့် ဘုံသဘောတူညီမှုကို အာဆီယံဆက်ကိုင်ထား

အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ကြေညာချက်ထုတ်ပြန်ရာတွင် ၂ နှစ်ကျော်ကြာ ဖြစ်မလာခဲ့သည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် အကောင်အထည်ဖော်မည်ဟု ဖော်ပြထားသည်။

ဘုံသဘောတူညီမှု အကောင်အထည်မပေါ်လာသည့်အတွက် အစည်းအဝေးတက်ခွင့် အာဆီယံက ပိတ်ပင်ထားရာ အာဆီယံဥက္ကဋ္ဌ ၂ ဆက် ပြောင်းသွားသည့်တိုင် စစ်ခေါင်းဆောင်သည် အာဆီယံထိုင်ခုံတွင် ထိုင်မရသေးပေ။

ယနေ့ (မေ ၁၁) တွင် ကျင်းပပြီးစီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးက ကြေညာချက်ထုတ်ပြန်ရာတွင် ၂ နှစ်ကျော်ကြာ ဖြစ်မလာခဲ့သည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကောင်အထည်ဖော်မည့်မူကို အသင်းက ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း တွေ့ရသည်။

အကြမ်းဖက်မှုများ ရပ်ရန် နှင့် သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန် ဟူသည့် အချက်များပါဝင်သော အာဆီယံဘုံသဘောတူညီချက်ကို ၂၀၂၁ ဧပြီလက ချမှတ်ထားခြင်းဖြစ်သည်။

သို့သော် ထိုဘုံသဘောတူညီချက် ၂ နှစ်ပြည့်သည့်တိုင် ဖြစ်ပေါ်တိုးတက်မှုများ မတွေ့ရဘဲ မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ယခုအာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီ ၁ လတိတိ အလိုတွင်ပင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲခြင်းကြောင့် ကလေးသူငယ်နှင့် အမျိုးသမီးများ အပါအဝင် လူပေါင်း ၁၆၀ နီးပါး သေဆုံးခဲ့ရသည်။

ထို့ပြင် အာဆီယံသံတမန်များ လိုက်ပါလာသည့်ယာဉ်တန်း ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် မေလ ၇ ရက်နေ့က လက်သည်မပေါ်သည့် တိုက်ခိုက်မှု ခံခဲ့ရသေးသည်။ ထိုသို့သောဖြစ်ရပ်များ ဆက်ရှိနေသည့်တိုင် ဘုံသဘောတူညီချက် ၅ ရပ်သည် အာဆီယံ၏ “အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း” မေလ ၁၁ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ခေါင်းဆောင်အပါအဝင် ယင်းလက်အောက်ခံဝန်ကြီးများကိုပါ အာဆီယံက အစည်းအဝေးတက်ခွင့် ပိတ်ပင်ထားရာ ၂၀၂၂ ခုနှစ် ဩဂုတ်လက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီများ အစည်းအဝေးတွင် မြန်မာ့ထိုင်ခုံနေရာ လစ်လပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ – EPA)

၂ နှစ်ကြာသည့်တိုင် ဘုံသဘောတူချက် အကောင်အထည်ပေါ်မလာရခြင်းမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုလျော့ကျရန် ဖြေရှင်းနေရသည့်အတွက် တိုးတက်မှုမရှိခြင်းဖြစ်ကြောင်း ဆင်ခြေပေးထားသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်းနိုင်ငံဖြစ်သော ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်ဆန်သည်လည်း ၂၀၂၂ ခုနှစ်အတွင်း နေပြည်တော်သို့ ၁ ကြိမ်တိုင် သွားရောက်ကာ စစ်ခေါင်းဆောင်ကို နားချခဲ့သေးသည်။ သို့သော် သူ၏ ခရီးစဉ်မှာ မအောင်မြင်ခဲ့ဘဲ “နွားက မရုန်းဘဲ ထွန်မရွေ့နိုင်” “မြန်မာ့အရေးဖြေရှင်းရန် မှော်အစွမ်းမရှိ” ဟု ညည်းတွားခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

ကျင်းပပြီးစီးခဲ့သည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီတွင် အလှည့်ကျဥက္ကဋ္ဌသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆွေးနွေးမှုများရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင်လည်း “သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုကို ထောက်ခံသည်” ဟု အာဆီယံက ဆိုသည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးရာတွင် ဦးဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဆီယံ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ လူမှုအသိုက်အဝန်းများကြား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်အောင် ဆောင်ကြဉ်းရန်နှင့် ရခိုင်ပြည်နယ်တွင် အားလုံးပါဝင်နိုင်ကာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရောက်နေသည့် ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရာတွင် “ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေး သေချာရန်” လိုသည်ဟုလည်း ထောက်ပြထားသည်။

စစ်ကောင်စီကမူ ဂျကာတာမြို့မှ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က အာဆီယံအစည်းအဝေးတချို့ကို တက်ရောက်ခဲ့သည်ဟု ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပထမဆုံးနှင့် နောက်ဆုံး တက်ရောက်ခွင့် ရခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လေ့လာသူများကမူ အာဆီယံ၏ ထိုမူဝါဒများမှာ မြန်မာနိုင်ငံအပြောင်းအလဲအတွက် အလုပ်ဖြစ်မည်မဟုတ်ဟု ဝေဖန်ထားကြသည်။ အာဏာသိမ်းစစ်ကောင်စီသာ အပြောင်းအလဲဖော်ဆောင်မည့်ဟန်ဆောင်ပြီး အချိန်ဆွဲနိုင်သည့် အခွင့်အရေး ရလိမ့်မည်ဟု ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။