close

ကြာအင်းဆိပ်ကြီးရောက် စစ်ယာဉ်တန်းကို KNU ကြားဖြတ်တိုက်ခိုက်

ကရင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသော ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်သုံးထရပ်ကား ၂၂ စီးပါ ယာဉ်တန်းကို KNU က တိုက်ခိုက်ခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ် တစ်နေရာတွင် ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) က ကြားဖြတ် တိုက်ခိုက်ပြီးနောက်တွင် ထိုဒေသ၌ တိုက်ပွဲများ ဆက်နေသည်။

မေ ၉ တွင် ဒေါနတောင်ခြေရင်း၊ ကြာအင်းဆိပ်ကြီးမြို့ တောင်ဘက် ၂၅ မိုင်ခန့်အကွာ ကညင်ရွာနှင့် အနန်းကွင်းရွာကြား၌  စစ်သုံးထရပ်ကားများ ပါဝင်သည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဒေသတွင် ယမန်နေ့ (မေ ၁၀) ထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်နေကြောင်း KNLA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာ ခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

“သူတို့ရဲ့ ယာဉ်တန်း … ကား ၂၂ စီးကို အပိုင် ပစ်ခတ်နိုင်ခဲ့တယ်လို့ သိထားရပါတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှု၊ အရပ်သားထိခိုက်မှု အခြေအနေများကိုမူ မသိရသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်းများကို အမှောင်ချထားတတ်သည်။

KNU၏ ဝင်းရေးမြို့နယ် တာဝန်ရှိသူ အမျိုးသားတစ်ဦးကမူ ထိုယာဉ်တန်းတွင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ပြောသည်။

“အင်အားဖြည့်တာရော၊ ရိက္ခာဖြည့်ဖို့အတွက်ရောဆိုတော့ ကားတွေက အများကြီးပဲ ပါလာတာ။ စစ်ကောင်စီတပ်ရော BGF ရော ပါလာတာ၊ သူတို့ဘက်က ထိခိုက်ကျဆုံးတာလည်း ရှိတယ်။ KNU က အရှင်ဖမ်းမိတာလည်း ရှိတယ်၊ လက်နက်ခဲယမ်းပစ္စည်းတွေလည်း အများကြီး သိမ်းဆည်းရမိတာ ရှိတယ်။ စာရင်းတော့ အတိအကျ မသိရသေးဘူး” ဟု သူက ပြောသည်။

သက်တမ်းရင့်တော်လှန်ရေးအဖွဲ့အစည်း KNU က မွန်ပြည်နယ်မှ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တို့ကို ပေါင်း၍ ဝင်းရေးမြို့နယ်ဟု သတ်မှတ်ကာ တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်း ထည့်သွင်းထားသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းမှာ မွန်ပြည်နယ် သံဖြူဇရပ်နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူကို ဆက်သွယ်ထားသည့် ကားလမ်းမှတစ်ဆင့် ကြာအင်းဆိပ်ကြီးဘက်သို့ ဝင်လာသည်ဟု အထက်ပါ ဝင်းရေးမြို့နယ် KNU တာဝန်ရှိသူထံမှ သိရသည်။

လွတ်ရှမ်း၊ အနန်းကွင်း၊ တောင်စွန်း စသည့် ကျေးရွာများတွင် စစ်ကောင်စီ အခြေစိုက်စခန်းများ ရှိနေပြီး ယင်းစခန်းများမှတစ်ဆင့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထိုတိုက်ခိုက်မှုများအတွင်း KNLA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ တပ်ဖွဲ့တစ်ဖွဲ့ ပူးပေါင်းတိုက်ပွဲဝင်သည်ဟု စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို လက်မခံကြောင်း အတိအလင်းပြောထားသည့် KNU အဓိကအခြေစိုက်ရာ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသအချို့ကို စစ်ကောင်စီက လေကြောင်းပါ သုံး၍ အပြင်းအထန်တိုက်ခိုက်နေသည်။

KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ ရေးမြို့နယ်၊ ဝါပသဲရွာကို မေ ၇ နှင့် ၈ တွင် စစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့ရာ PDF ၃ ဦး သေဆုံး၊ အရပ်သား ၂ ဦး ဒဏ်ရာရကာ နေအိမ် ၂ လုံး မီးလောင်ထားသည်။

၂၀၂၃  ဇန်နဝါရီလမှ ဧပြီလအတွင်း KNU နှင့် စစ်ကောင်စီအကြား တိုက်ပွဲပေါင်း ၁၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၇၂၆ ဦး သေဆုံးကာ ၁၁၈၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU နှင့် ပူးပေါင်းအဖွဲ့များဘက်မှ ၅၉ ဦး သေဆုံးပြီး ၁၉၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က မေ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့် KNU ထိန်းချုပ်နယ်မြေများအတွင်းမှ ပြည်သူပေါင်း ၄ သိန်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာ စသည့် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု KNU က ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။