close

ထန်းတပင်တွင် ကလေးများ အပါအဝင် ၁၈ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ရန်ကုန်နှင့် နေပြည်တော်ကြား ထန်းတပင်မြို့နယ် ကျေးလက်ဒေသမှ ဖမ်းဆီးသတ်ဖြတ် မီးရှို့ခံရသူများထဲတွင် ဆယ်နှစ်အောက် ကလေး ၄ ဦး ပါဝင်သည်။

(သတင်းတွင် စိတ်မချမ်းမြေ့ဖွယ် ရေးသားချက်များ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ညောင်ပင်သာရွာ၌ ကလေးငယ် ၅ ဦးအပါအဝင် အရပ်သား ၁၈ ဦးကို စစ်တပ်က ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးရှို့ခဲ့သည်ဟု သိရသည်။

ရုပ်အလောင်းများကို ဧပြီ ၁၁ ရက်နေ့တွင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သည်၊ ကလေး ၄ ဦး၊ ဆယ်ကျော်သက် ၁ ဦး၊ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၄ ဦး ပါဝင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပဲခူးတိုင်းစစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ပြောသည်။

“အင်မတန် နာကြည်းစရာ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ကြီးပေါ့ဗျာ။ ဒီဟာတွေကို ခွန်အားအဖြစ် ပြောင်းလဲပြီး တိုက်ပွဲဝင်သွားမှာပါ” ဟု သူက ပြောသည်။

မြေပြင်ပေါ်တွင် ရုပ်အလောင်းများ မီးရှို့ခံထားရသည့် မှတ်တမ်းဓာတ်ပုံများကို Myanmar Now က ရရှိထားပြီး ရုပ်အလောင်းတချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ မီးလောင်ကျွမ်းခြင်း မရှိသေးသည်ကို တွေ့ရသည်။

မေ ၁၀ ရက်နေ့က ရန်ကုန်နှင့် နေပြည်တော်ကြား ထန်းတပင်မြို့နယ်တောင်ဘက် ၂၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ညောင်ပင်သာရွာသို့ စစ်ကောင်စီဘက်မှ အင်အား ၁၀၀ ကျော်ခန့်သည် စစ်ကြောင်း ၃ ကြောင်း ခွဲပြီး ဝင်ရောက်လာခဲ့သည်။

ဝင်လာသည့် စစ်တပ်နှင့် ထိုနေ့ နံနက် ၁၀ နာရီခန့်မှ ညနေ ၅ နာရီအထိ ညောင်ပင်သာရွာအနီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းမဟာမိတ်အဖွဲ့များအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားသည်၊ စစ်တပ်ဘက်မှ အထိအခိုက် အသေအဆုံး များပြားခဲ့သည်ဟု ကိုဝေယံက ပြောသည်။ သို့သော် ထိခိုက်ကျဆုံးမှုအရေအတွက်နှင့် ပတ်သက်၍ သူက ပြောဆိုခြင်းမရှိပါ။

အဆိုပါ ဒေသတွင် နှစ်ဖက်တပ်များအကြား စစ်ဆိုင်ထားဆဲ အခြေအနေဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်ဟု PDF က ဆိုသည်။

သတ်ဖြတ်မှု ဖြစ်ပွားရာရွာသည် တောင်ငူခရိုင် ထန်းတပင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အကြားတွင် တည်ရှိပြီး KNLA တပ်မဟာ (၂) လှုပ်ရှားရာ ဒေသလည်းဖြစ်သည်။

ရွာသားများကို သတ်ဖြတ်ရသည့် အကြောင်းရင်းကို မသိရသေးသလို တိုက်ပွဲနှင့် အရပ်သားများကို သတ်ဖြတ်မှုအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။