close

လေကြီးမိုးကြီးကျနေသော ကနီကို စစ်တပ်ဝင်၊ ဒေသခံများ ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အင်အား ၁၀၀ ဖြင့် ချဉ်းကပ်လာသော စစ်ကောင်စီတပ်၏ ရန်ကြောင့် ချင်းတွင်းမြစ်ကမ်းဘေး ၁၁ ရွာခန့်မှ ဒေသခံများ နေအိမ်စွန့်ခွာ ပြေးနေကြရသည်။

ချောင်းရေ တက်လာသဖြင့် ပိတ်မိနေသော ကနီစစ်ရှောင်တချို့ကို ယနေ့ (မေ ၁၄) နေ့လယ်ပိုင်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

အင်အားပြင်း မိုခါမုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် နှစ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင်  စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာ ၁၁ ရွာခန့်မှ လူဦးရေ ၁၃၀၀၀ ကျော်သည် မေ ၁၂ ညနေမှစ၍ နေအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုနေ့က အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီတပ်က ယင်းမာပင်မြို့နယ်မှတစ်ဆင့် ကနီမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကျေးရွာများကို ဝင်ရောက်လာကြောင်း၊ မိုးထဲရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကနီဒေသခံများ  အခက်အခဲရှိနေကြောင်း အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ညနေက စရှောင်ရတယ်။ ကျွန်တော်တို့က တောင်သူလယ်သမားဆိုတော့ ဆိုင်ကယ်တွေ မနိုင့်တနိုင်၊ ကုန်းကြောင်းနဲ့ အထုပ်အပိုးသယ်ပြီးတော့ ပြေးရတာပေါ့။ လှည်းတွေနဲ့လည်း သွားကြရ၊ ကုန်းကြောင်းလည်း သွားကြရတာပေါ့၊ ကားရှိတဲ့သူက ကားနဲ့။ ရာသီဥတုကလည်း မကောင်းတော့ ကားနဲ့ကလည်း အဆင်မပြေဘူးဗျ” ဟု ထွက်ပြေးနေရသော ကနီမြို့နယ် ဒေသခံ အသက် ၄၀ ကျော်အရွယ် အဆိုပါအမျိုးသားက ပြောသည်။

“မိုးများရင်တော့ ချောင်းတွေကတော့ တော်တော်များများရှိတော့ ချောင်းရေကျရင်တော့ ရှောင်လို့လည်း မဖြစ်တော့ဘူး။ ဘယ်သွားလို့ သွားရမှန်းမသိတဲ့အခြေအနေကို ရောက်သွားတာဗျ”

ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့ကို နာရီပိုင်းအတွင်း ဝင်ရောက်လာသည့် ဆိုင်ကလုန်းမိုခါ၏ လေတိုက်နှုန်းသည် တစ်နာရီမိုင် ၁၆၀ နှုန်းရှိနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးစောင့်ကြည့်မှုအဖွဲ့ (GDACS) က ယနေ့ နံနက်က ထပ်တိုးခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ချက် ထွက်လာချိန်မှာပင် ကနီမြို့နယ် မင်းမရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား ထိတွေ့ပစ်ခတ်မှုအချို့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းလာရာ အနီးအနားကျေးရွာများဖြစ်သည့် ဒဟတ်တော၊ မုဌော၊ ချိုင်၊ ငါးဖျက်၊ ပန်းဆိုင်း၊ လယ်ရှည်၊ ချောင်းမ အရှေ့ရွာ၊ အနောက်ရွာ၊ သင့်ဝင်၊ မင်းမ၊ သမင်ခြံ စသည့် အနည်းဆုံး ကျေးရွာ ၁၁ ရွာမှ ဒေသခံများ ထွက်ပြေးရှောင်တိမ်းနေရသည်။

စစ်ကောင်စီတပ်၏ ရန်ဘေးမှ ထွက်ပြေးရသူတို့ကို မိုးကြီးလေကြီးမှုနောက်ဆက်တွဲ ရေဘေးကလည်း အဟန့်အတားပြုနေသည်ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုဆို ချောင်းရေလည်း ကျတော့ စစ်ဘေးရှောင်က တော်တော်ဒုက္ခရောက်နေတယ်။ စစ်ကြောင်းက အရှေ့ဘက်ကို လာရင် တောင်ဘက်ကို ဝိုက်ပြီးရှောင်ရတယ်။ လှည့်ပတ်ရှောင်နေရတယ်။ တစ်ရွာပြီး တစ်ရွာ လှည့်ရှောင်နေရတယ်။ (စစ်ကြောင်း) ကပ်လာရင် နောက်တစ်ရွာ ထပ်ရှောင်ရတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းကို စစ်ကြောင်းထိုးနေရာ ဆိုင်ကလုန်းမုန်တိုင်း ဝင်နေချိန်တွင်ပင် ကျေးရွာများကို စစ်ကြောင်းထိုးစီးနင်းနေခြင်း ဖြစ်သည်။

ပြင်းအား ကြီးမားသည့် ဆိုင်ကလုန်းကြောင့် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် လူဦးရေ တစ်သန်းစီ၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် ဒေသခံ ၂၄၀၀၀၀ ကျော်စီ ထိခိုက်နိုင်ကြောင်း GDACS ယနေ့ နံနက်တွင် ထုတ်ပြန်ထားသည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။