close

စစ်တပ်စစ်ကြောင်းထိုးနေသည့် ကန့်ဘလူတွင် ဒေသခံသောင်းချီ ထွက်ပြေးနေရ

ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့်အတွက် ကျေးရွာပေါင်း ၂၀ ကျော်မှ သောင်းချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကောင်စီရန်ကို တိမ်းရှောင်နေကြရသည့် ကန့်ဘလူဒေသခံများကို တွေ့ရစဉ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က ယမန်နေ့ (မေလ ၁၆) မှ စတင်ပြီး ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ သောင်းချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များနှင့် စစ်ကောင်စီ၏ ခမရ (ခြေမြန်တပ်ရင်း) ၃၆၁၊ ခမရ ၃၆၈၊ ကန့်ဘလူမြို့က ၆၀၀၆ အမြောက်တပ်ရင်းတို့မှ စစ်သားများ ပူးပေါင်းအင်အား ၂၀၀ ကျော်က ကန့်ဘလူအနောက်ခြမ်းရှိ ထန်းကုန်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း ဒေသခံများနှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

“စစ်(…) သီးသန့်ချည်းတော့ မဟုတ်ဘူး။ ဒီနားဝန်းကျင်ရွာတွေက ပျူတွေနဲ့ ပေါင်းပြီး ထိုးနေတာ။ ဒီဘက်မှာက ဒီရက်ပိုင်း စစ်ရေးက အေးနေတာကို ဘာလို့ထိုးလာမှန်းတော့ မသိဘူး။ ဒီကောင်တွေက ဘာရယ်မဟုတ် စစ်ကြောင်းထိုးချင်ထိုးနေတာ” ဟု ကန့်ဘလူအခြေစိုက် PDF တပ်ရင်း (၄ ) တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ကျွန်းပင်ကုန်း၊ မဲသည်၊ သရက်ခေါင်း၊ ရှမ်းတပ်၊ ယောရွာ စသည့် ကျေးရွာများကို ဦးတည် စစ်ကြောင်းထိုးနေပြီး၊ အဖွဲ့လေးဖွဲ့ခွဲကာ ဝင်ရောက်နေခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကြောင်းများ ဝင်ရောက်လာခြင်းကြောင့် အထက်ပါကျေးရွာများအပြင် အနီးဝန်းကျင် ကျေးရွာ ၂၀ ခန့်က ဒေသခံများပါ ဘေးလွတ်မည်ထင်သည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

“ပြေးရတဲ့အထဲ ရွာကြီးတွေလည်း ပါတယ်။ ဆိုတော့ ပြေးရတဲ့ရွာဆိုရင် ၂၀ ကနေ ၂၅ ရွာလောက်အထိ ရှိနိုင်တယ်။ လူအရေအတွက်ကလည်း ၂၀,၀၀၀ နီးပါးလောက် ရှိနိုင်တယ်၊ အခု ကျွန်တော်တို့ ကူညီနိုင်ဖို့ဆိုပြီး ရောက်နေတဲ့ တစ်နေရာတည်းမှာပဲ ၄,၀၀၀ လောက် ရှိတယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသည့် ဒေသသည် ကျေးရွာ ခပ်စိပ်စိပ်ရှိနေသည့် ဒေသဖြစ်သောကြောင့် စစ်ကြောင်းထိုးရာ အနီးဝန်းကျင်ရှိ ကျေးရွာများက ဒေသခံများပါ ထွက်ပြေးနေကြရခြင်းဖြစ်သည်။

စစ်ကြောင်းထိုးသည့် ယမန်နေ့မှစ၍ ယနေ့မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ်က ထောက်ရှာအိုင်ကျေးရွာနှင့် ခအုန်းတာကျေးရွာတို့ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးထားသည်ဟု သိရကြောင်း၊ ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက် စစ်ဆေးနိုင်ခြင်းမရှိသေးသည့်အတွက် အိမ်မည်မျှ မီးရှို့ခံထားရသည်ကို မသိရသေးကြောင်း ကန်ဘလူဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျွန်းပင်ကုန်း၊ မဲသည်၊ သရက်ခေါင်း၊ ရှမ်းတပ်၊ ယောရွာတို့အတွင်း ဝင်ရောက်နေပြီး၊ မည်သည့်ရွာများဆီသို့ ဆက်လက်ဝင်ရောက်မည်ကို မသိနိုင်သေးဘဲ စောင့်ကြည့်နေရသည်ဟု သိရသည်။

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်းမပြုနိုင်သေးဘဲ စစ်ဘေးရှောင်များကို ကူညီနိုင်ရေးကိုသာ လုပ်ဆောင်နေကြရသည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသည်ကိုပင် သေနတ်ဖြင့် ပစ်သတ်သည့် စစ်ကောင်စီတပ်က လက်လက်ကိုင် ခုခံမှု အားကောင်းသော စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စီးနင်း မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေသည်။

ကန့်ဘလူမြို့နယ်သည် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် မြို့နယ်ဖြစ်သလို စစ်ကောင်စီကို ထောက်ခံသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များစွာရှိသည့် မြို့နယ်တစ်ခုဖြစ်သည်၊ စစ်ကောင်စီတပ်များက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် အရှေ့ခြမ်းရှိ ပဇီကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံ အရပ်သား ၁၆၀ နီးပါး သေဆုံးပြီး သေဆုံးသူများထဲတွင် ကလေးများနှင့် အမျိုးသမီးများ ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။