လွန်ခဲ့သော ၁၅ နှစ်ကျော်က လူသိန်းနှင့်ချီ သေဆုံးခဲ့သော နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရသော ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ကျေးရွာများမှ ဒေသခံ ၈၀၀၀ ကျော်သည် လပွတ္တာမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် လာရောက်ခိုလှုံနေကြသည်။ လက်ရှိတွင် လာရောက်ခိုလှုံသူများအတွက် အိမ်သာနှင့် သောက်ရေ အခက်အခဲရှိသည်ဟု လာရောက်ခိုလှုံသူများကို လက်ခံထားသည့် ကိုးနဝင်းကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်သည်။ ယနေ့ မွန်းလွဲပိုင်းအထိ လပွတ္တာမြို့တွင် မိုးသည်းထန်စွာ ရွာနေပြီး လေပြင်းတိုက်နေသော်လည်း ထူးထူးခြားခြား ထိခိုက်ပျက်စီးမှု မရှိသေးကြောင်း သိရသည်။
လပွတ္တာက မုန်တိုင်းရှောင် ဒေသခံတွေ မိလ္လာနှင့် သောက်ရေ အခက်ကြုံ

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။
