close

စစ်တွေမြို့က ထိခိုက်ပျက်စီးမှုများ နောက်ဆုံးအခြေအနေ

လေပြင်းများ စစ်တွေမြို့တွင် တရကြမ်းတိုက်ခိုက်နေရာ စစ်တွေမြို့ရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်ခု နေ့လယ် မွန်းတည့် ၁၂ နာရီတွင် ကျိုးကျသွားပြီး၊ လူနေအိမ်အချို့လည်း အမိုးများ ပျက်စီးနေကြောင်း သိရှိရသည်။ ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားလာသည့် ဖျက်အားပြင်းမှုအဆင့် (၄) သတ်မှတ်ထားသော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ (မေ ၁၄) မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်”

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။