ဖေဖော်ဝါရီလ ၂၈ ရက်က အီရန်ကို စတင်ခဲ့တဲ့ စစ်ပွဲရဲ့ ပထမ ၄ ရက်အတွင်းမှာပဲ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်း ဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၂ ဘီလီယံနီးပါးဖိုး ရှိသွားပြီလို့ တူရကီအခြေစိုက် Anadolu (အနာဒိုလူ) News Agency က ပြုစုထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
အဓိက ဆုံးရှုံးမှုကြီးကတော့ ကာတာနိုင်ငံ၊ အယ်လ် အူဒိတ် (Al Udeid) လေတပ်စခန်းက ဒေါ်လာ ၁.၁ ဘီလီယံတန်ဖိုးရှိတဲ့ AN/FPS-132 အချက်ပေး ရေဒါစနစ်ကြီး ပျက်စီးသွားခဲ့တာဖြစ်ပြီး အဲဒီရေဒါဟာ စစ်ပွဲပထမဆုံးနေ့မှာပဲ အီရန်ရဲ့ ဒုံးကျည်ထိမှန်ခဲ့တာလို့ ကာတာဘက်ကလည်း အတည်ပြုထားပါတယ်။
ဒုတိယမြောက်နေ့ဖြစ်တဲ့ မတ်လ ၁ ရက်မှာတော့ ကူဝိတ် လေကြောင်းကာကွယ်ရေးတပ်က မှားယွင်းပစ်ခတ်မိတာကြောင့် အမေရိကန်ရဲ့ F-15E Strike Eagle တိုက်လေယာဉ် ၃ စီး ဆုံးရှုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေမှာ လေယာဉ်မောင်း ၆ ဦးစလုံး အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ လေယာဉ်တွေကတော့ ပျက်စီးသွားခဲ့ပါတယ်။အဲဒီတိုက်လေယာဉ်တွေရဲ့ တန်ဖိုးက ဒေါ်လာ ၂၈၂ သန်းလောက် ကုန်ကျမှာ ဖြစ်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



