အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စက်သုံးဆီပြတ်လပ်မယ့်အခြေအနေ အပြင် တရက်ခြား ကားမောင်းဖို့ ကန့်သတ်မှုတွေနဲ့ ကြုံနေရတဲ့ မြန်မာပြည်သူတွေ

အီရန်စစ်ပွဲကြောင့် စက်သုံးဆီပြတ်လပ်မယ့် အခြေအနေနဲ့ ကြုံရနိုင်တာ အပြင် ကိုယ်ပိုင်ယာဉ်အားလုံး တစ်ရက်ခြားသာ မောင်းနှင်ဖို့ အာဏာသိမ်း စစ်တပ်က ကန့်သတ်ခဲ့တာတွေ ကြောင့် ရန်ကုန်အပါအဝင် မြန်မာက မြို့ကြီးတွေမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ တန်းစီဝယ်ယူသူတွေ တမဟုတ်ချင်း များသွားခဲ့ပါတယ်။

မြန်မာဟာ စင်ကာပူ၊ ရုရှားနဲ့  အရှေ့အလယ်ပိုင်းဒေသတွေကနေ စက်သုံးဆီ တင်သွင်းနေပြီး အီရန်စစ်ပွဲကြောင့် နယ်စပ်ဒေသတွေ အပြင် ပြည်တွင်းက ဆီတင်သွင်းမှုအားလုံးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့  စက်သုံးဆီတင်သွင်းသူတွေ က လဲ ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံခြားဝင်ငွေအကျပ်အတည်းတွေ့နေတဲ့  စစ်တပ်ဟာ စက်သုံးဆီကို အဓိက ဦးစားပေးသွင်းကုန်အဖြစ် တင်သွင်းခွင့်ပြုထားပေမယ့် လုံလောက်မှုမရှိလို့ ပြည်တွင်းမှာ  မကြာခဏ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ခဲ့ပါတယ်။

မြို့ကြီးတွေက စက်သုံးဆီအရောင်းဆိုင်တွေမှာ တန်းစီဝယ်ယူသူတွေ အများအပြားရှိလာတဲ့နောက် ရန်ကုန်က ဆီဆိုင်တချို့လဲ အကန့်အသတ်နဲ့ရောင်းတာတွေ ရှိသလို ၊ မရောင်းတော့ဘဲ ဆိုင် ပိတ်ထားတာတွေ ရှိတယ်လို့ ရန်ကုန်မြို့က ပြည်သူတွေက ပြောပါတယ်။

သတင်း/တင်ဆက် – မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button