အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အိန္ဒိယနဲ့ စစ်ရေးလေ့ကျင့်မှုကအပြန် အီရန်စစ်သင်္ဘော အမေရိကန် တော်ပီဒို ထိမှန်

သီရိလင်္ကာနိုင်ငံတောင်ဖက် ကမ်းရိုးတန်း ဂါလီမြို့ကနေ မိုင် ၄၀ အကွာ ပင်လယ်ပြင်ထဲမှာ မတ်လ ၄ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲလောက်က အီရန် တောင်ပိုင်းစစ်ဌာနချုပ် ရေတပ်ရဲ့ ဖရီးဂိတ်စစ်သင်္ဘော IRIS Dena ဟာ အမေရိကန် ရေငုပ်သင်္ဘောက ပစ်လိုက်တဲ့ တော်ပီဒို ထိမှန်ခဲ့ပါတယ်။

ပစ်ခတ်ခံခဲ့ရတဲ့ အီရန်စစ်သင်္ဘောပေါ်မှာတော့ စုစုပေါင်း လူ ၁၈၀ လောက် ပါလာနိုင်တယ်လို့ ခန့်မှန်းရပြီး ကယ်ဆယ်ရေးအဖွဲ့တွေက လူ ၃၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သလို ရုပ်အလောင်း ၈၇ လောင်းကို ဆယ်ယူရရှိခဲ့ပြီး ကျန်တဲ့ လူ ၆၀ လောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဒီစစ်သင်္ဘောဟာ  အိန္ဒိယနိုင်ငံရဲ့ အရှေ့ပိုင်းရေတပ်ဌာနချုပ်ရှိရာ ဝိဇာခါပတ္တနမ်မြို့မှာ ဖေဖော်ဝါရီလ တတိယပတ်အတွင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ဘက်စုံစစ်ရေးလေ့ကျင့်မှု (Multilateral Naval Exercise) ကနေ ပြန်လာတာဖြစ်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက အတည်ပြုထားပါတယ်။

IRIS Dena ဟာ အီရန်နိုင်ငံထုတ် ဖရီးဂိတ်စစ်သင်္ဘောဖြစ်ပြီး ကင်းလှည့်ဖို့နဲ့ တိုက်ခိုက်ရေးအတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတော့   သင်္ဘောဖျက်ဒုံးကျည်တွေ၊ အမြောက်တွေ၊ တော်ပီဒိုတွေ ပါဝင်သလို ရဟတ်ယာဉ်ဆင်းဖို့ နေရာလည်း ပါပါတယ်။

အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းကတော့ အိန္ဒိယက ဖိတ်ကြားလို့ လာခဲ့တဲ့ အီရန်စစ်သင်္ဘောကို   အမေရိကန်ရေငုပ်သင်္ဘောက အိန္ဒိယရေပိုင်နက်အစပ်နားမှာ အခုလို  ပစ်ခတ်လိုက်တဲ့အပေါ် အိန္ဒိယက ဘာမှ လုပ်မပေးနိုင်တော့ဘူးလားဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button