အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကိုးကန့်နဲ့ တအာင်းတပ် အပစ်ရပ််််ဖို့ သဘောတူ၊ ကွတ်ခိုင်ကို ကိုးကန့်အုပ်ချုပ်မယ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ပေါင်းများစွာ မဟာမိတ်ဆက်ဆံရေးထူထောင်ထားတဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA) နဲ့ တအာင်းတပ်(TNLA) တို့ ဆွေးနွေးပွဲကနေ အပစ်ရပ် သဘောတူညီမှုရသွားခဲ့ပြီလို့ TNLA ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့(မတ်လ ၂၁)မှာ ပြောပါတယ်။ 

မူဆယ်မြို့ (၁၀၅) မိုင်၊ ကွတ်ခိုင် ဗျူဟာကုန်း၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့ နေရာ ငါးခုထက်မနည်းက TNLA ရဲ့ တပ်စခန်းတွေကို မတ်လ ၁၄ ရက်၊ မနက် ၉ နာရီ ၄၅ မိနစ် မှာ MNDAA ဘက်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ 

တိုက်ပွဲဖြစ်ပြီး သုံးရက်အကြာ မတ်လ ၁၆ရက်နေ့မှာတော့ နှစ်ဖက်တပ်ခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလို အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ 

သဘောတူညီချက်ထဲမှာတော့ နှစ်ဖက်တပ်တွေ အပစ်ရပ်ဖို့ ၊ နောက်ပိုင်းမှာ ညီနောင်အဖွဲ့ချင်း ပြသနာတွေဖြစ်ခဲ့ရင်လက်နက်နဲ့ မဖြေရှင်းဖို့နဲ့  ထိန်းချုပ်နယ်မြေတွေကို ပြန်လည်သတ်မှတ်ခဲ့ပါတယ်။ 

ဒါ့အပြင် ညီနောင်မဟာမိတ်အဖြစ် ဆက်ရှိနေမှာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ နှစ်ဖက်တပ်သားတွေ ပြန်လည် လွတ်ပေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ 

သဘောတူညီချက်တွေကို စာချုပ်အနေနဲ့ ချုပ်ဆိုခဲ့တာဖြစ်ပြီး သုံးရက်ကြာ ဆွေးနွေးပွဲမှာ MNDAA နဲ့ TNLA အပြင် အာရက္ခတပ်တော်(AA) ပါဝင်ခဲ့ပါတယ်။ 

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button