အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တနသ်ာရီတိုင်းရဲ့စစ်ရေးကဒီ့ထက်ပိုပြီးအောင်မြင်မှုတွေ၊ဒီ့ထက်ပိုလုပ်နိုင်တာတွေအများကြီးတွေ့လာရမှာပါ။

“အားနည်းချက်တွေကို ပြုပြင်ပြီး ပိုကျစ်လစ်ခိုင်မာအောင် ၊ ပြန့်ကျဲနေတဲ့တပ်တွေ တစုထဲဖြစ်အောင် KNU ရော PDFရော ကြိုးစားနေပါတယ်။

တနသ်ာရီတိုင်းရဲ့ စစ်ရေးက ဒီ့ထက်ပိုပြီး အောင်မြင်မှုတွေ၊ဒီ့ထက်ပိုပြီး လုပ်နိုင်တာတွေ အများကြီးတွေ့လာရမှာပါ။” 

ရဲဘော်စောဒါးကို (တနင်္သာရီတိုင်း စစ်ဌာန၊ နည်းဗျူဟာ ၃၃ ၊ စစ်ဆင်ရေးမှူး) 

====================================

တောင်ပိုင်းစစ်ဒေသရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး အရှေ့ဘက်မှာရှိတဲ့  ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၁ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တစ်လကျော်ကြာ တိုက်ခိုက်ခဲ့တဲ့ ဒီစခန်းဟာ သရက်ချောင်းနှင့် ပလောက်မြို့အကြား တစ်ခုတည်းသော စစ်တပ်ခြေကုပ်စခန်ဖြစ်ပြီး စစ်တပ်ရဲ့ ကုန်းလမ်းထောက်ပို့ရေး လမ်းကြောင်းကို သက်ရောက်မှု ရှိခဲ့ပါတယ်။

ဒါကြောင့် စခန်းပြရရေးအတွက် အာဏာသိမ်း စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့မှာ အပြီးသတ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းတွေမှာ ဖော်ပြလာပါတယ်။ 

တနင်္သာရီတိုင်းထဲမှာ စစ်ရေးအခြေအနေတွေ ဘယ်လောက်ပြင်းထန်နေလဲ ဆိုတာနဲ့ တော်လှန်ရေးအင်အားစုတွေကြား ပေါင်းစပ်နိုင်မှုတွေကိုပါ သိရှိနိုင်ဖို့အတွက် တနင်္သာရီတိုင်း စစ်ဌာန၊ နည်းဗျူဟာ ၃၃ ရဲ့ စစ်ဆင်ရေးမှူးဖြစ်တဲ့ ရဲဘော်စောဒါးကို မြန်မာနောင်း သတင်းထောက် မသဇင်လှိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။

ရိုက်ကူး/တည်းဖြတ်-မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button