အမေရိကန်သမ္မတတွေဟာ သူတို့ရဲ့ ရာထူးသက်တမ်းကာလအတွင်းက မှတ်တမ်းတွေ၊ အထိမ်းအမှတ်တွေကို သိမ်းဆည်းဖို့ စာကြည့်တိုက်လို အဆောက်အအုံတွေကို တည်ဆောက်လေ့ရှိတဲ့ အစဉ်အလာတစ်ခု ရှိပါတယ်။
လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒေါ်လာ ဘီလီယံနဲ့ချီပြီး ကုန်ကျနိုင်တဲ့ Donald J. Trump Presidential Library ဆိုတဲ့ အဆောက်အအုံစီမံကိန်းကို AI နည်းပညာနဲ့ နှစ်မိနစ်လောက် ကြာတဲ့ ဗီဒီယိုတစ်ခု ဖန်တီးထားပြီး မတ်လ ၃၀ ရက် ညနေပိုင်းမှာ သူ့ရဲ့ Truth Social media ကနေ ပထမဆုံး ပြသခဲ့ပါတယ်။
ဒီအဆောက်အအုံဟာ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့က ပင်လယ်ကမ်းစပ်အနီး အချက်အခြာကျတဲ့ နေရာမှာရှိပြီး ၂၀၃၁ ခုနှစ် ဝန်းကျင်လောက်မှာ အပြီးတည်ဆောက်ဖို့ မျှော်မှန်းထားပါတယ်။
သမ္မတဟောင်း ဂျိုင်းဘိုင်ဒင်ရဲ့ အထိမ်းအမှတ်အဆောက်အအုံကတော့ အိုဘားမားတို့၊ ထရမ့်တို့နဲ့ ယှဉ်ရင် အခုမှ အစပျိုးကာလမှာပဲ ရှိသေးပြီး အဲဒီနေရာကို မှတ်တမ်းတွေ စနစ်တကျ စုဆောင်းသိမ်းဆည်းဖို့နဲ့ ပညာရေးဆိုင်ရာ လေ့လာမှုစင်တာပုံစံမျိုး ဦးတည် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



