အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အီရန်စစ်ပွဲကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ရှုမြင်ဖို့ အမေရိကန်ပြည်သူတွေကို ထရမ့်ပြော

အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲကို အနာဂတ်အမေရိကန်မျိုးဆက်တွေအတွက် “ရင်းနှီးမြှုပ်နှံမှု” တစ်ခုအဖြစ် သဘောထားပြီး မစိုးရိမ်ကြဖို့   အမေရိကန်ပြည်သူတွေကို သမ္မတဒေါ်နယ်ထရမ့်က ဧပြီ ၁ ရက်နေ့    သူ့ရဲ့ ရုပ်သံ မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင်   အီရန်စစ်ပွဲဟာ  ပြီးဆုံးလုနီးပြီ ဖြစ်ကြောင်းနဲ့ နောက်ထပ် နှစ်ပတ်ကနေ သုံးပတ် လောက်ပဲ ကြာတော့မယ်လို့လည်း  ထရမ့်က  ပြောပါတယ်။

 အခုအခါ အီရန်မှာ လေတပ်နဲ့ ရေတပ်တွေ မရှိတော့သလို   ဒုံးကျည်တွေလည်း ကုန်သလောက် ဖြစ်တာကြောင့် အီရန်စစ်တပ်ဟာ အင်အားချည့်နဲ့သွားမှာ ဖြစ်သလို၊ အကြမ်းဖက်အဖွဲ့တွေကို ကူညီနိုင်စွမ်းလည်း ပျက်စီးသွားမှာဖြစ်ပြီးတော့   နျူကလီးယားဗုံး ထုတ်လုပ်နိုင်စွမ်းလည်း လုံးဝမရှိတော့ဘူးလို့   ထရမ့်က ဆိုပါတယ်။

ရေလက်ကြား ပြန်ပွင့်သွားရင် ရေနံတွေပြန်ပြီး တင်ပို့နိုင်မှာဖြစ်သလို ဆီဈေးလည်း ချက်ချင်း ပြန်ကျသွားမှာ ဖြစ်တယ်လို့  ထရမ့်က သူ့ရဲ့ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

စွမ်းအင်ဈေးကွက် ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဟော့မုဇ် ရေလက်ကြားကို ပြန်မဖွင့်ဘဲ စစ်ပွဲကိုပဲ ရပ်လိုက်ရုံနဲ့တော့ အခုဖြစ်နေတဲ့ စွမ်းအင်အကျပ်အတည်းက ပြေလည်သွားဖို့ မရှိဘူးလို့ ပြောထားကြပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button