အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ရေနံမြေလုပြီးတော့ ဖြစ်လာတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး” – ဒေါက်တာစိုးသူရဇော်

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်က  ရေနံမြေနေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့တွေက  မတ်လ ၃၀ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့  ရုတ်တရက် ဝင်ရောက်လာတာကြောင့်  ဒေသတွင်း အခြေစိုက်တပ်တွေနဲ့  စစ်ရေးတင်းမာပြီး ဒေသခံတွေ  ထိတ်လန့်သွားခဲ့ပါတယ်။

မြိုင်မြို့နယ်တောင်ဘက်နဲ့  ပေါက်မြို့နယ်မြောက်ဘက်မှာ တည်ရှိပြီး၊ အရင်  မြန်မာ့စွမ်းအင်နဲ့ ရေနံလုပ်ငန်း (MOGE) လက်အောက်ခံ ရေနံမြေတွေကို  မြိုင်နဲ့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေက ၂၀၂၂ ခုနှစ် ကတည်းက ကွပ်ကဲလုပ်ကိုင်နေကြတာပါ။

မကြာသေးခင်ကမှ မကွေးတိုင်းကာကွယ်ရေးဝန်ကြီး ဖြစ်လာသူ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာ နဲ့ ပတ်သက်ပြီး ဒေသတွင်း ဩဇာအာဏာတည်ဆောက်တယ်လို့  ပြောဆိုမှုတွေရှိနေသလို သူ့အပေါ်ကို NUG က ထိန်းကျောင်းဖို့  ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီရေနံမြေလုပ်ကွက်တွေ ပြည်ထောင်စုအစိုးရ (အမျိုးသားညီညွတ်ရေးအစိုးရ) ထံ အပ်နှံဖို့  ပြီးခဲ့တဲ့နှစ်ကတည်းက ဆွေးနွေးခဲ့ပေမယ့်လည်း ပြေလည်မှုမရသေးခင်  ပြည်ထောင်စု ညွှန်ကြားမှုနဲ့  မကွေးတိုင်းနဲ့  စစ်ကိုင်းတိုင်းအခြေစိုက် PDF တပ်တွေ ဝင်ရောက်နေရာယူတဲ့ အခြေအနေ ဆိုက်ရောက်လာခဲ့တာပါ။

အခြေအနေ တင်းမာနေချိန် ပေါက်နဲ့ မြိုင်နယ်စပ်က ‘ဖလံကိုင်း’ ရေနံမှော်ကို ဧပြီလ ၄ ရက်နေ့မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲလို့  PDF တပ်ဖွဲ့ဝင် ၆ယောက် သေဆုံးပြီး ၁၀ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

ရေနံမြေသယံဇာတစီမံခန့်ခွဲမှု အပါအဝင် ဒေသတွင်းအခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ အခုလဆန်းက ဆွေးနွေးခဲ့ကြရမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေထွက်ခဲ့တယ်လို့ သိရပါတယ်။ 

ပေါက်နဲ့မြိုင်မြို့နယ် အစပ်က ရေနံမြေတွေကို အင်အားသုံးဝင်ရောက်ရတဲ့အကြောင်း အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပစ််ခတ်တိုက်ခိုက်မှုမဖြစ်ဖို့ ကိုင်တွယ်ဖြေရှင်းနေမှုနဲ့ ဒေသတွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ရဲ့ ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးရသူရဇော်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေးမြန်း- ခင်ရီရီဇော်၊ တည်းဖြတ်- ကိုလှိုင်း

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button