အာဏာသိမ်းစစ်တပ်ဟာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နယ်မြေတွေကို တဖြည်းဖြည်း ထိန်းချုပ်လာပြီး မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းဘက်ကို ဆက်လက် ထိုးဖောက်ဝင်ရောက်လာပါတယ်။ ဒီလိုအခြေအနေတွေအတွင်း မကြာသေးမီရက်ပိုင်းမှာ စစ်ကိုင်း–ကချင်အစပ်က ထီးချိုင့်မြို့ကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
စစ်တပ်ရဲ့ ဒီလှုပ်ရှားမှုဟာ မန္တလေး–မြစ်ကြီးနား လမ်းမကြီးကို စိုးမိုးနိုင်ဖို့သာမက မြောက်ပိုင်းစစ်မျက်နှာမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်တာဖြစ်နိုင်တယ်လို့ CDM တပ်အရာရှိတွေက သုံးသပ်ပါတယ်။
ဒါ့အပြင် ကုန်းလမ်း၊ ရေလမ်း ထောက်ပို့လမ်းကြောင်းတွေပွင့်ဖို့ ဗျူဟာမြောက်ထိုးစစ်အနေနဲ့ လုပ်ဆောင်နေတာလို့လည်း ဆိုကြပါတယ်။
သဇင်လှိုင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



