အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

Walk for Peace ဆရာတော်များ သီရိလင်္ကာတွင် ငြိမ်းချမ်းရေး ဓမ္မခရီးစဉ် ကြွချီ

အမေရိကန်နိုင်ငံ၊ တက္ကဆတ်ပြည်နယ်   ဖော့တ်ဝပ် Fort Worth မြို့က ဟွန်ဒေါင်း ကျောင်းတော်က ငြိမ်းချမ်းရေးဓမ္မခရီးစဉ် ဆရာတော်များဟာ ဧပြီလ ၂၂ ရက်က သီရိလင်္ကာနိုင်ငံမှာ ဓမ္မခရီးစဉ် စတင်ခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ပညာကာရ ဦးဆောင်ပြီး အခုခရီးစဉ်မှာ ပါဝင်ခဲ့တဲ့  သံဃာတော် ၁၃ ပါးဟာ တူရကီနိုင်ငံ၊ အီစတန်ဘူ လေဆိပ်ကနေ တစ်ဆင့် သီရိလင်္ကာနိုင်ငံကို    ဧပြီ ၂၁ ရက်မှာ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

သီရိလင်္ကာကို ဆိုက်ရောက်တဲ့ ဧပြီ ၂၁ ရက်နေ့မှာပဲ အတ္တနာဂါလာ ရာဇမဟာ ဝိဟာရ (Attanagalla Rajamaha Viharaya) ကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ရာမှာ  ဆရာတော်ကြီး ရတနဂုဏနဲ့ ဆရာတော် အရှင်ပညာကာရတို့က ဒီငြိမ်းချမ်းရေးခရီးစဉ်ရဲ့ နက်နဲတဲ့ ရည်ရွယ်ချက်နဲ့ သာသနာပြုလုပ်ငန်းတွေအကြောင်းကို စိတ်လှုပ်ရှားကြည်ညိုဖွယ် မိန့်ကြားခဲ့ကြပါတယ်။

အမေရိကန်   ငြိမ်းချမ်းရေးခရီးစဉ်တုန်းကလိုပဲ အခုခရီးစဉ်မှာလည်း Walk for Peace ဆရာတော်များနဲ့အတူ  အားလုံးရဲ့ အချစ်တော် ခွေးလေး  Aloka လည်း ပါလာခဲ့ပြီး သူကိုလည်း သီရိလင်္ကာရဲ့ အထူးတပ်ဖွဲ့ဝင်တွေက ကူညီစောင့်ရှောက်ပေးခဲ့ကြတာ တွေ့ရပါတယ်။  

ငြိမ်းချမ်းရေးခရီးစဉ် ဆရာတော်များအဖွဲ့ဟာ ဧပြီလ ၂၈ ရက်နေ့မှာ မြို့တော် ကိုလံဘိုကို ရောက်ရှိဖို့ စီစဉ်ထားပြီး မေလ ၁ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံကို ပြန်လည်ကြွချီမှာ ဖြစ်ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button