ပဲခူးတိုင်းထဲက အသက်အငယ်ဆုံး PDF တပ်ရင်းမှူး တယောက်ဖြစ်တဲ့ “အောင်ဆန်းစုကျော်” ဟာ နာမည်တခုကြောင့်ပဲ သူ့ဘဝလမ်းကြောင်းကို ဆုံးဖြတ်ခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ချစ်မြတ်နိုးတဲ့ ဖခင်ဖြစ်သူကြောင့် မွေးကတည်းက ဒီနာမည်ကို ရရှိခဲ့ပြီး အဲဒီယုံကြည်ချက်တွေက သူ့ဘဝကို တော်လှန်ရေးလမ်းဘက်ကို ဦးတည်စေခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ ဖခင်ရဲ့ အကျိုးဆက်တွေကြောင့် မိသားစု ခွဲခွာမှုတွေ ကြုံတွေ့ခဲ့ရတဲ့ သူဟာ စစ်အာဏာသိမ်းပြီးနောက် လက်တွေ့မြင်တွေ့ရတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးထဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာ မိဘတွေမသိအောင် အိမ်ကနေ ထွက်ခွာခဲ့ပြီး စစ်သင်တန်း တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။
အခု အသက် ၂၃ နှစ်အရွယ်မှာတော့ သူဟာ ပဲခူးတိုင်းအတွင်း PDF တပ်ရင်းတွေထဲက အသက်အငယ်ဆုံး တပ်ရင်းမှူးတယောက်ဖြစ်ပြီး ဒေါင်းဖြူတပ်ရင်းကို ဦးဆောင်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကို ချစ်မြတ်နိုးတဲ့ ဖခင်ဖြစ်သူကြောင့်မွေးကတည်းက ‘အောင်ဆန်းစုကျော်’ ဆိုတဲ့ နာမည်ကို ရရှိခဲ့သူ တပ်ရင်းမှူးအောင်ဆန်းအကြောင်း ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
ကိုလှိုင်း/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



