အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မြန်မာနောင်းရဲ့တပတ်တာအတွင်းသတင်းအစီအစဉ်

အပတ်စဉ်တင်ဆက်နေကျ မြန်မာနောင်း ရဲ့ တပတ်အတွင်း သတင်းအစီအစဉ်ကနေ ပြန်ကြိုဆိုပါတယ်။

 ပြီးခဲတဲ့တပတ်ထဲမှာ မင်းအောင်လှိုင်ရဲ့ သမ္မတလုပ်ပိုင်ခွင့် ဟန်ပြလွတ်ငြိမ်းနဲ့ သမ္မတဦးဝင်းမြင့်လွတ််လာပေမယ့်လဲ NLD အစိုးရရဲ့ ထိပ်ပေါင်းခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား အများစု ကျန်နေသေးတယ်လို့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ 

ကိုယ့်ကိုယ်ကို သမ္မတဘွဲ့ ပြန်ပေးထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အပေါ်  လက်ခံနိုင်စရာမရှိကြောင်း နဲ့ အယုံအကြည်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ချင်းအမျိုးသားတပ်ဦး (CAN/CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ဧပြီလ ၂၁ရက်နေ့မှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ကရင်နီပြည်နယ်မှာ  တစ်ခုထဲသော ပြည်နယ်တပ် ဖြစ်လာဖို့ ကနဦးခြေလှမ်းအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနယ်ကို အခြေခံကာ ကရင်နီတော်လှန်ရေးအင်အားစုတွေ စုပေါင်းထားတဲ့ တပ်ပေါင်းစုတစ်ခုကို ဧပြီလ ၂၁ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အရှိန်မြင့်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုတပတ်ထဲမှာလဲ ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF (၅)ယောက်နဲ့ အပြစ်မဲ့ပြည်သူ(၃)ယောက် သေဆုံးပြီး (၄၀)နီးပါး ဒဏ်ရာရသွားပါတယ်။

တင်ဆက်-သဇင်လှိုင် တည်းဖြတ်-မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button