အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမြင့်ဆုံးကျပ်သိန်း ၅၀၀ ဆုပါဝင်သည့် AA ၏ ထီစနစ်စတင်

‘အာရက္ခလောင်ပေါ်’ ဟုအမည်ပေးထားသည့် ထီစနစ်တွင် အမြင့်ဆုံး ကျပ်သိန်း ၅၀၀နှင့် ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ် ၁၀ သိန်း စုစုပေါင်း ဆုမဲအရေအတွက် ၃၉ ဆု ချီးမြှင့်မည်ဟုလည်း AA ၏အခွန်ဌာနကကြေညာထားသည်။

အာရက္ခတပ်တော်(AA) က အမြင့်ဆုံးကျပ်သိန်း ၅၀၀ ဆုပါဝင်သည့် ထီလက်မှတ်များကို ၎င်းတို့ထိန်းချုပ် နယ်မြေများတွင် ဇွန်လ ၁ ရက်မှစတင်၍ ရောင်းချနေသည်။

‘အာရက္ခလောင်ပေါ်’ ဟုအမည်ပေးထားပြီးတစ်စောင်လျှင် ကျပ် ၁၀၀၀ ကျသင့်မည့် ထီလက်မှတ်များသည် အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀ အပါအဝင် ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀နှင့် ကျပ် ၁၀ သိန်းဆု စုစုပေါင်း ဆုမဲအရေအတွက် ၃၉ ဆု ချီးမြှင့်မည်ဟု AA ၏အခွန်ဌာနကကြေညာထားသည်။

AA ကဖြန့်ဝေသည့် လက်ကမ်းကြော်ငြာများတွင် ထီမှရရှိသည့် အခွန်ဘဏ္ဍာငွေများကို လမ်းတံတား တည်ဆောက်ခြင်း၊ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးတွင် သုံးမည်ဟုလည်းဆိုသည်။

ကာလရှည်စစ်ပွဲကြောင့် စီးပွားရေးအခက်အခဲရှိနေသော်လည်း ရခိုင်တွင် AA က ဖွင့်မည့်ထီကို စိတ်ဝင်စားသူများကြောင်း Myanmar Now ကမေးမြန်းခွင့်ရခဲ့သည့် ပေါက်တောနှင့် မြေပုံမြို့တို့တွင် နေထိုင်ကြသူများကဆိုသည်။

” ကုန်စျေးနှုန်းတွေလည်းမြင့်တက်နေတော့ စားဝတ်နေရေး အဆင်မပြေဘူး။ ကံကောင်းပါ့မလားလို့ ထီထိုးကြည့်ပါမယ် “ဟု စစ်တွေမြို့မှစစ်ဘေးရှောင်လာပြီး မြေပုံတွင်နေထိုင်နေသည့် အသက်၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

AA သည် ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး လက်ကျန်မြို့နယ်များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ရန်ကြိုးပမ်းနေသည်။

အခြားတစ်ဖက်တွင် အာဏာသိမ်းစစ်တပ်သည် AA ထိန်းချုပ်ထားသော မြို့၊ ရွာတို့ကို လေကြောင်း၊ ရေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ နေ့စဉ်ရှိနေသောကြောင့် ဒေသခံများထိခိုက်နစ်နာနေရသည်။

အလားတူ ရခိုင်နှင့် ပြည်မကြားဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို စစ်တပ်က ဖြတ်တောက်ပိတ်ဆို့လိုက်သောကြောင့် ဒေသတွင်း ကုန်စျေးနှုန်းမြင့်တက်မှုနှင့် ရင်ဆိုင်နေရပြီး ဒေသခံများ၏ စားဝတ်နေရေး အခက်အခဲရှိနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button